arc- 1.3(တိမ်မူးယံ ဘဝ)

5.4K 515 10
                                    

  ဆက်ရှိန်ရောင်  ခလေးထွက်သွားတာနဲ့ ဖုန်းဆက်ပြီးမိမိကိုယ်ရံတော် blackအား ခလေးအကြောင်းကို စုံစမ်းခိုင်းလိုက်တယ် ။ နောက်ပြီး သူလဲ အတန်းမတက်တော့ဘဲစံအိမ်ကိုဘဲ ပြန်လိုက်တော့တယ် ။ တကယ်ဆိုမိမိက ကမ္ဘာနံပါတ်တစ် ကုမ္ပဏီ ဖြစ်တဲ့ O.T.Cကုမ္ပဏီရဲ့ CEOဖြစ်တယ်။ နောက်ပြီး အမှောင်လောကရဲ့ ဘုရင်လဲဖြစ်တဲ့လူက ကောင်လေးတယောက်ကို မြင်မြင်ချင်း  ချစ်မိသွားမယ်လို့ ဘယ်သူကထင်မှာလဲ။ခလေးအကြောင်းကိုတွေးမိတော့ တော်ရုံမပြုံးတတ်တဲ့သူက ခနခနပြုံးနေမိတယ်။
   "သခင်ကြီး....သခင်ကြီးစုံစမ်းခိုင်းတဲ့ကောင်လေးအကြောင်း သိရပါပြီ"
   "ပြော"
   "ဟုကဲ့  ကောင်လေးမှာမိဘတွေမရှိတော့ပါဘူး လွှမ်းသုတဆိုတဲ့သူငယ်ချင်းတယောက်ရှိပါတယ် ကျောင်းမှာလဲ အမြဲအနိုင်ကျင့်ခံရပြီး ဆေးလည်းစွဲနေပါတယ် ​ဆေးစွဲရတာက လွှမ်းသုတဆိုတဲ့ကောင်လေးကြောင့်ပါ လွှမ်းသုတဆိုတဲ့ကောင်လေးက တိမ်မူးယံဆိုတဲ့ကာင်လေးကို လူရှေ့တွေမှာဆို အရမ်းဂရုစိုက်ပြပြီး ကွယ်ရာဆိုအနိုင်ကျင့်ပါတယ် သက်ဆိုင်သူမရှိသေးပါဘူး "
ဆက်ရှိန်ရောင် မိမိကိုယ်ရံတော်ပြောတာတွေနားထောင်ပြီး ဒေါသတွေ အရမ်းထွက်လာတယ် အခန်းထဲကလေထုဟာလဲ တဖြည်းဖြည်းနဲ့ အေးစက်လာတယ်။ ငါ့ခလေးလေး ကို အနိုင်ကျင့်တဲ့မင်းတို့ကို ဘယ်လိုအပြစ်ပေးသင့်လဲ။ ကိုယ်ရံတော် လေးကတော့ သူသခင်ကြီးရဲ့ ဒေါသကိုဆွတဲ့ လူတွေအတွက် အမွှေးတိုင်ကြိုထွန်းထားပေးလိုက်တယ်။ ရှိန်ရောင် ခလေးမှာသက်ဆိုင်သူ မရှိ သေးဘူးဆိုတာသိတော့ ပျော်သွားတယ်။ [ခလေးက ငါ့အပိုင် ငါပိုင်တဲ့အရာ ဘယ်သူမှမပေးဘူး ငါ့အပိုင်ကို လာထိရင် အကုန်ငရဲပို့ပစ်မယ်]    ။
    "ရပြီ သွားတော့"
ကိုယ်ရံတော်လေးကတော့ သွားလို့ရပြီဆိုတာနဲ့ တန်းနေအောင်ကို ပြေးတော့တယ် ။သခင်ကြီးက ကြောက်စရာကြီး  ငါ့နေရာက နေဝင်စာနာကြည့်လေ။ မသွားခင် လက်ထဲက ဖိုင်ကိုစားပွဲပေါ်တင်ထားခဲ့လိုက်တယ်။
တိမ်မူးယံတယောက်ကတော့ space ထဲကသင်လာတဲ့ အချက်အပြုတ်စွမ်းရည်ကို စတင်အသုံးပြုနေပါတော့တယ်။ နာရီဝက်လောက်ကြာတော့ စားပွဲပေါ်တွင် စားချင်စရာကောင်းတဲ့ ဟင်းပွဲလေးတွေ ရောက်လာပါတော့တယ်။
^host ဒုတိယဇာတ်လိုက် က host အကြောင်းတွေစုံစမ်းနေတယ်^
^စုံစမ်းပါစေပေါ့ ^
  ^Host mission မလုပ်ဘူးလား^
  ^လုပ်မှာပေါ့ကွာ ငါအစားစားလိုက်အုံးမယ် မင်းမနှောက်ယှက်စမ်းနဲ့^
  ^စားစား..နင်ပြီး အသက်ထွက်နေမယ်^
  ^ငင့်..... ငလူးမ system ငါအစားလေးကောင်းကောင်းစားပါရစေ^
   ^ host တိမ်မူးယံရဲ့ နောက်ဆုံးဆန္ဒကို လုပ်ဖို့ ဒုတိယဇာတ်လိုက်ကို မြူစွယ်ပါလား^
   [ဆက်ရှိန်ရောင် လားမဆိုးဘူး အရမ်းချောတယ် ငါလည်းကြိုက်တယ်]
    ^အေ..... မြူစွယ်ကြမယ်^
systemခဗျာ သူ့host ရဲ့ကောက်ကျစ်တဲ့အပြုံးက ဘာနဲ့တူလဲဆိုတော့ အင်း....ကြောက်စရာမကောင်းဘဲ ပိုပြီးတောင် ချစ်ဖို့ကောင်း သွားသေးတယ်။ရုပ်ကလေးချောတော့ ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတာပါဘဲ။
     ^system ငါလေး ခန့်သွားပြီမလား ငွင်းငွင်း..^
     ^ကျွန်တော်ဖင်လောက်တောင် မခန့်ဘူး^
      ^fuck..ဘဲ မင်းတော်တော်ရိုင်းပါလား^
      ^host ရိုင်းလို့ systemရိုင်းတာပါ^
       ^ငါလေးက. မဆဲပါဘူး  လိမ္မါတဲ့လူငယ်လေးပါ system လေးအမှတ်မှားတာဖြစ်မှာပါ ^
[ငါ့ host ကရိုင်းတဲ့အပြင် အရှက်ပါမရှိတော့တာဘဲ]
စားသောက်ပြီးတော့ပန်းကန်တွေသိမ်းရင်းဆက်ရှိန်ရောင်ကို ဘယ်လိုမြူစွယ်ရမလဲစဉ်းစားခန်းဝင်နေတော့တယ်။ [တော်ပြီနောက်မှဘဲ စဉ်းစားတော့မယ် ငါလေးအရမ်းပင်ပန်းနေလို့ နားတော့မယ် အား...ပင်ပန်းလိုက်တာကွာ]
[ဘာမှမလုပ်ရဘဲ ပင်ပန်းတယ်တဲ့လား သောက်ပျင်းhost]
တိမ်မူးယံ ကတော့ systemလေးတွေးနေတာ မသိဘဲ အိမ်ရာပေါ်တက်ကာ အိပ်လိုက်တော့တယ် ။ systemလေးလဲ ငပျင်းhost ကိုကြည့်ပြီးခေါင်းခါလိုက်တယ်။ နောက်တော့သူလဲ line out သွားတော့တယ်။
 

What The Hell(system)Where stories live. Discover now