arc(3.5)

2.3K 244 27
                                    


Zawgyi

ဟယ်ရီ တစ်ယောက် အိပ်ရာအစောကြီးထကာ ကျောင်းသွားဖို့ ပြင်ဆင်နေလိုက်သည်။ နဂိုဟယ်ရီက သိုသိုသိပ်သိပ်နေပင်မဲ့ သူကတော့ သူ့နောက်ခံကိုဖော်ထုတ်ဖို့ စဉ်းစားထားတယ်။

ကျောင်းဝတ်စုံကို ဝတ်လိုက်ပြီး ကြယ်သီး၃လုံးလောက်ဖြုတ်ကာ နက်ကတိုင်ကိုလဲ လျော့တိလျော့ရဲချည်ထားလိုက်သည်။ ၅ပေ၇လောက်ရှိတဲ့သူ့အရပ်ကြောင့် ပုံစံက ဂျစ်ကန်ကန်ပုံစံလေးနဲ့ ကြည့်ကောင်းလေသည်။

"Host ပြင်လို့မပြီးသေးဘူးလား ကျောင်းနောက်ကျတော့မယ် "

"ပြီးပါပြီကွာ "

ဟယ်ရီလဲ မှန်ရှေ့ခနလောက်ပြန်ကြည့်ကာ စိတ်ကျေနပ်တော့မှ အောက်ထပ်ဆင်းလာကာမီးဖိုခန်းထဲမှာညွှန်ကြားနေတဲ့မားနားသွားကာ

"မား သားကျောင်းသွားတော့မယ် အာဘွား "

ပါးလေးနမ်းကာ စံအိမ်ထဲကထွက်လာပြီး ဂိုထောင်ထဲမှ နောက်ဆုံးပေါ် ပြိုင်ကားအနီရောင်လေးကိုစီးကာ ကျောင်းသို့ထွက်လာလေသည်။ ပြိုင်ကားလေးထွက်သွားပြီးမကြာခင်မှာဘဲ အနောက်မှ အနက်ရောင်ကားတစ်စီးဟာလဲထွက်သွားတော့သည်။

ကျောင်းဝင်ထဲကို နောက်ဆုံးပေါ်ကားတစ်စီးဝင်လာတာကြောင့် လူတိုင်းရဲ့အကြည့်တွေက ထိုကားစီစုပုံလာခဲ့သည်။ကားရပ်ပြီးနောက် ကားထဲမှ ဖြူဖွေးနေတဲ့လက်တစ်စုံ ထွက်ပေါ်လာပြီးနောက်မှာ ကျောင်းဝတ်စုံကို လျောတိလျော့ရဲဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက်ထွက်ပေါ်လာတော့သည်။

"ဟယ် ချောလိုက်တာ "

"အဲ့ဒါ ဟယ်ရီဂ​ရေ့စ် မလား အား...အရမ်းချောတာဘဲ "

"ဒီနေ့ကစပြီး သူကငါ့ရဲ မင်းသားလေးဖြစ်သွားပြီ "

ပြောနေတဲ့စကားတွေကို ဂရုမစိုက်တော့ဘဲ အတန်းထဲကိုဘဲ တိုက်ရိုက်သွားလိုက်တယ်။ အပြင်ဘက်မှာတော့ ဘာမှဂရုမစိုက်သလိုလုပ်နေပင်မဲ့ စိတ်ထဲမှာတော့ အရမ်းတွေအူးမြူးနေတော့သည်။ [ရုပ်ချောရတာလဲ မလွယ်ပါလားနော်] hostရဲ့အတွေးကိုသိနေတဲ့ systemလေးကတော့ စိတ်ထဲကနေကျိန်ဆဲနေတော့သည်။

What The Hell(system)Where stories live. Discover now