arc-2.4(ရှောင်ဝမ်လု ဘဝ)

4.2K 423 10
                                    

 
Zawgyi

       ရှောင်အမတ်ကြီးကဘာမှမပြောနိုင်ဘဲ  လက်ညိုးထိုးပြီး ဒေါသထွက်နေလေတော့သည်။ ရှောင်ကတော်ကတော့ ..
     "နင်တို့..... ကျေးဇူးကန်းတာလားဟမ်....ကျွေးတဲ့လက်ကိုပြန်ကိုက်တာ ကျေးဇူးမသိတတ်တဲ့ဟာတွေ "
      "ကျေးဇူးကန်းတယ်တယ်ပြောရအောင်....... သခင်မကြီးတို့ က ကျနော်တို့အပေါ်ဘာကျေးဇူးများရှိလို့လဲ.. ကျနော်တို့ဘာများအလကားရခဲ့လို့လဲ အလုပ်လုပ်ပြီး ပြန်ဆပ်ခဲ့တာဘဲမလား ..အခုမှ ကျေးဇူးတွေ လာပြောနေတာ..... အရှက်ရှိရင်...ရှက်သင့်တယ်နော် သခင်မကြီး.... အာ.မေ့သွားတာ အရှက်မရှိလို့လဲ သူများလင်ကို ကြောင်တောင်နှိုက်ထားတာဘဲ....ဟိုကလဲ နှအို မြက်နုကြိုက်တဲ့နွားဆိုတော့လဲ.. "
  ရှောင်ဝမ်လုလဲ ပြန်ပြောပေးလိုက်တော့ ရှောင်သခင်မကြီး ဆွေ့ဆွေ့ခုန်နေတော့တယ်။ ရှောင်အမတ်ကြီးလဲ မျက်နှာတွေပျက်နေတော့တယ်။ ဟိုသောက်ကောင် ရှောင်လုချန် က...
        "အားရှောင်... အဖေ့ကို ပြန်မပြောရဘူးလေ။ အကို့ကို မကျေနပ်ရင် အကို့ကိုဘဲပြောပါ အဖေတို့နဲ့ မဆိုင်ဘူးလေ အားရှောင်... အကိုတောင်းပန်နေတယ်လေ မကျေနပ်သေးဘူးလား ။ အကိုဒူးထောက်တောင်းပန်ပေးရမှာလား.."
        "oh!!!...တောင်းပန်ရင်ကောင်းတာပေါ့  "
       ^အမဲလုံး..ကြားလား ငါ့ကိုဒူးထောက်တောင်းပန်မယ်တဲ့ ဇာတ်လိုက်မက....ဟဲဟဲ ^
       ^ကောင်းတယ် host...တောင်းပန်ခိုင်း ^
ရှောင်ဝမ်လုလဲ သူ့ကိုတောင်းပန်မယ်ဆိုတာကြောင့် အြံ့ဥွားတဲ့ပုံလုပ်ပြီး တောင်းပန်ခိုင်းလိုက်သည်။ စိတ်ထဲကနေလဲ သောက်ရမ်းကျေနပ်နေမိတယ်။
ရှောင်လုချန် ကတော့ သူ့ကိုတောင်းပန်ခိုင်းမယ်မထင်တာကြောင့်ပြောလိုက်မိကာမှ တောင်းပန်ခိုင်းတာကြောင့် မျက်နှာမျက်သွားတယ်။ [တောက်....ရှောင်ဝမ်လုလဲ  ဒီနေ့ဘာဖြစ်နေတာလဲ အရင်ကနဲ့ မတူတော့ဘူး။ ငါ့လိုလူက သူ့လို အသုံးမကျတဲ့လူကို ဒူးထောက်တောင်းပန်ရအောင် ရူးနေလို့လား... နင်မကြာခင်သေရတော့မှာပါ ]
  ရှောင်အမတ်ကြီးက...
        "အားချန်.. မင်းတောင်းပန်စရာမလိုဘူး ။ ရှောင်ဝမ်လု မင်းတော်တော်ရိုင်းနေပါလားဟမ် ။ မင်းအမေက မင်းကိုအခုလိုဆုံးမထားတာလား ၊ အကြီးကို လေးစားရမယ်ဆိုတာ မင်းမသိဘူးလားဟမ်၊ "
           "ရှောင်အမတ်ကြီး....ရှင်ကျမသားကို ဘာမှပြောစရာမလိုဘူး ။ ကျမနှစ်တွေအများကြီး သည်းခံလာပြီးပြီ ဒီနေ့အတွက် ရှင်နောင်တရစေရမယ်။ ကျမသားကို ကျမကအရင်က ခွေးတွေလာကိုက်လဲ ဂရုစိုက်ဖို့မလိုဘူးလို့ပြောထားတာ။ ဒါပင်မဲ့လဲ ခွေးတွေက တအားဆိုးလာရင် အစွယ်ကျိုးအောင်လို့ ဆုံးမပေးသင့်တယ်မလား။ အခုခွေးတွေအစွယ်ကျိုးအောင် ဆုံးမနေတာ ကျမသားအပြစ်တစ်ခုမှ မပါဘူးနော်။ အဟင်း.. မလိမ်မာတဲ့ခွေးက ဘယ်လောက်ဆုံးမဆုံးမ ဆိုးနေတာပါလား။ သားရေ....အမေတို့သွားရအောင် ၊ ကြာရင်အမေတို့နားမှာ  ခွေးတွေဆီက မကောင်းတဲ့အနံအသတ်တွေ ကူးနေပါအုံးမယ်။ "
ရှောင်ဝမ်လုတစ်ယောက် သူ့အမေအဲ့လိုတွေပြောတတ်မယ် မထင်ထားတာကြောင့် အံသြလို့  ကြောင်ကြည့်နေမိတယ်။ နောက်ဆုံး သူ့အမေသူ့ကိုခေါ်တော့မှ သတိပြန်ဝင်တော့တယ်။ သူလဲ အမေကိုပြုံးပြပြီး....
      "အမေပြောတာမှန်တယ် ၊ သားနားမှာတောင် အနံတွေ စွဲနေပြီလားမသိဘူး ၊ မြန်မြန်လေး သွားရအောင်။ ဒီနားနေရတာ မကောင်းတဲ့အနံအသတ်တွေ ကြောင့် အန်တောင်အန်ချင်လာပြီ။ "
ရှောင်အမတ်ကြီး.. "..........."
ရှောင်ကတော်..."............"
ရှောင်လုချန်.... "..........."
ရှောင်လုဝမ် နဲ့ သူအမေလဲ ပြောပြီးထွက်လာခဲ့လိုက်သည်။
system လေးကတော့[တော်တော်လိုက်တဲ့ သားအမိတွေ]

What The Hell(system)Where stories live. Discover now