arc-2.8(ရှောင်ဝမ်လု ဘဝ)

4.2K 439 19
                                    

Zawgyi

သူ့နားရောက်လာတဲ့ လုပ်ကြံသူခေါင်းဆောင်ကို ဘေးက လူကြီးရဲ့ဓားကို ဆွဲယူပြီး.... ထိုလူရဲ့ ခေါင်းကိုဖြတ်လိုက်တယ်၊ ရုတ်တရက် ဖြစ်သွားတာကြောင့် ကျန်တဲ့သူတွေက ကြောင်ကြည့်နေကြတယ်။

နောက်မှလုပ်ကြံသူတွေက အသိဝင်လာပြီး...

"အဲ့ကောင်ကို သတ်ကြ...ကျန်တဲ့၂ယောက်ကော အကုန်သတ်ပစ်ကွာ.."

လုပ်ကြံသူတွေ စုစုပေါင်း၅၀လောက်ရှိပြီး...စနစ်တကျသင်ကြားပေးထားတဲ့သူတွေ ဖြစ်လောက်မယ်။လူများတာ​ကြောင့် သူသတိထားပြီး တိုက်ခိုက်နေရတယ်။ လူလေး၂ယောက်သတ်မှာကို ဒီလောက်အများကြီး လွှတ်စရာလိုလို့လား။ နောက်သူက သူများဓားယူပြီးတိုက်နေတာကြောင့် ဟိုလူကဓားမရှိဘဲ တိုက်နေရပြီး နဂိုကလဲဒဏ်ရာရထားတော့ အခြေအနေကပိုဆိုးလာသည်။ သူလဲ အားနာလို့...

"ဟေ့လူ...ရော့ဖမ်းလိုက်"

သူလဲ ဓားကိုပစ်ပေးလိုက်ပြီး.... သူရှေ့ကလုပ်ကြံသူရဲ့ ဝမ်းဗိုက်ကိုဆောင့်ကန်လိုက်သည်။ ထိုလူနဲ့ပါလာတဲ့ တစ်ယောက်ကလဲတော်တော် တော်တယ်။ ဒါများဘယ်လိုဒဏ်ရာ ရလာလဲမသိဘူး။ သူတွေးရင်း အတွေးနယ်ထဲရောက်သွားတာကြောင့် ပတ်ဝန်းကျင် ကိုတောင်မေ့သွားရသည်။

"သတိထား..."

အော်သံနဲ့အတူ သူ့ခန္ဓာကိုယ်ဟာ တစ်ဖက်လူရင်ခွင်ထဲရောက်သွားပြီး အတွေးထဲကနေ ယခုလက်ရှိကိုပြန်ရောက်လာခဲ့သည်။

လော့ရဲ့အန်း သူ့ကိုကြည့်ပြီး အတွေးထဲနစ်မြုပ်သွားပြီး ပတ်ဝန်းကျင်ကို မေ့သွားကာ ဒီတိုင်းရပ်နေတဲ့ကောင်လေးကို ခနခနလှည့်ကြည့်နေရတယ်။ အဲ့အချိန်မှာ ကောင်လေးကို အနောက်ကနေ ဓားနဲ့လှမ်းထိုးမလို့ လုပ်နေတာကြောင့် လှမ်းဆွဲလိုက်တော့ အသာလေးသူ့ရင်ခွင်ထဲရောက်လာသည်။ သူလဲလုပ်ကြံသူကို သတ်ပစ်လိုက်ပြီး ရင်ခွင်ထဲက​ကောင်လေးကို ကြည့်လိုက်တယ်၊ အဲ့တော့မှ အသိဝင်လာပြီး သူ့ကိုမော့ကြည်လာခဲ့တယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့ကိုကြည့်လာတာက [အား.....ချစ်ဖို့ကောင်းလိုက်တာ..]

What The Hell(system)Where stories live. Discover now