arc-2-11(ရှောင်ဝမ်လု ဘဝ)

4.1K 422 27
                                    

Zawgyi

       "အား...အခုမှနေလို့ကောင်းတော့တယ်။ လူကို လန်းဆန်းသွားတာဘဲ "

ရှောင်ဝမ်လု မင်းသမီးဆိုတဲ့ သူတွေနားက ထွက်လာပြီး ရေကန်ထဲရေစိမ်နေခြင်းဖြစ်သည်။ ရေကိုအကြာကြီး စိမ်နေပြီး အေးလာတော့မှ အပေါ်ပြန်တက်လာ ဝတ်ရုံခြုံနေတုန်း တံခါးပွင့်သွားပြီး လော့ရဲ့အန်းက သူ့ကိုစိုက်ကြည့်နေတယ်။

လော့ရဲ့အန်း အခန်းတံခါးမခေါက်ဘဲ ဝင်လာမိတာကို နောင်တရနေမိတယ်။ ကလေးရဲ့အခုပုံစံက မိမိညီလေးကို နိုးလာစေသည်။ ရေချိုးပြီးခါစမို့ မခြောက်သေးတဲ့ ခေါင်းကရေတွေကြောင့် အတွင်းဝတ်ရုံလေးမှာ ရေများကြောင့်စိုနေပြီး ကိုယ်မှာကပ်နေတာကြောင့် လှပတဲ့ကောက်ကြောင်းအလှတွေကို မြင်နေရတယ်။ အေးလို့ နှုတ်ခမ်းလေးတွေက တုန်နေပြီး နှာခေါင်းထိပ်လေးက နီနေတယ်။ သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းလေးတို့က အကြည့်မလွှဲချင်အောင် ညို့ယူနေသယောင် ၊လှပသွယ်လှတဲ့ ပေါင်တံသွယ်သွယ်လေးတွေက သူ့ကိုလာပြီး ကိုက်လှည့်ပါဟု ဖိတ်ခေါ်နေသလိုပင် ၊ တစ်ကိုယ်ကို သေချာစူးစိုက်ကြည့်နေရင်းကနေ တစ်နေရာရောက်တော့ 
နီရဲရဲအမှတ်သား ဒါဟာကောတွေမှာဘဲရှိတဲ့ ကျူးရှားကျစ်မလား။ လက်ကောက်ဝတ်က အမှတ်က နီရဲပြီး တောက်ပလွန်းတယ်။ လော့ရဲ့အန်း ဝမ်းသာသွားကာ

      "ကလေး....ကလေးက ကောလား "

      "ဟမ်... "

[သေပြီ.ဟ....ငါ့ကိုယ်ငါ ကောဆိုတာမေ့နေတာ  ၊ ဒီလူကြီး ဘယ်လိုတွေ့သွားတာလဲ ၊ ]

       "ကလေး....ကိုယ်မင်းကို တာဝန်ယူပါရစေ.."

        "မလိုပါဘူး.......ကျနော်ကောဆိုတာ ဘယ်သူ့ကိုမှမပြောပါနဲ့ "

       "ရတယ် မ​ပြောဘူး ။ ဒါပင်မဲ့... ကိုယ်မင်းကိုချစ်တယ် ၊ မင်းကကို့အပိုင်ဆိုတာ သိထားပါ "

       "ကျနော်က ဘာလို့ခင်ဗျားအပိုင်ဖြစ်ရမှာလဲ ၊ ကျနော့်မှာ ချစ်ရတဲ့လူရှိတယ် ။ "

        "ဘာ...အဲ့ကောင်က ဘယ်သူလဲ..မင်းကငါ့အပိုင်ဘဲဖစ်ရမယ်၊ "

လော့ရဲ့အန်း ဒေါသထွက်စွာ ဝမ်အာကိုယ်လေးကို ဆွဲရမ်းပြီး မေးလိုက်သည်။

What The Hell(system)Nơi câu chuyện tồn tại. Hãy khám phá bây giờ