arc-2.3(ရှောင်ဝမ်လု ဘဝ)

4.2K 443 10
                                    

 
Zawgyi

    ရှောင်အမတ်ကြီးကဒေါသထွက်ပြီး..
         "မင်းက ငါ့ကိုတောင်ပြန်ပြောတတ်နေပြီပေါ့လေ..မင်းအကိုက မင်းကိုကောင်းစေချင်လို့ပြောတာကို စေတနာကို နားမလည်တဲ့ခွေးသားဘဲ "
ရှောင်ဝမ်လု... နဂိုကမှ စိတ်မကြည်ပါဘူးဆို လာအော်နေတာကြောင့်....
         "oh!!!..ကျနော်က ခွေးသားဆို.. အဖေကလဲ ခွေးပေါ့နော်၊ မထင်မရဘူး ကိုယ့်ကိုသိတာဘဲ"
          "မင်း...."
ရှောင်အမတ်ကြီးက ဘာမှမပြောနိုင်ဘဲ သူ့ကိုစိုက်ကြည့်နေတယ်။ သူလဲပြန်စိုက်ကြည့်ပြီး...
           "ကျနော်နဲ့ အမေ ဒီအိမ်တော်က ထွက်သွားမယ်။ နောက်ဆိုရင် ကျနော်က အဖေရဲ့သား မဟုတ်တော့ဘူး။ အာ...မှားလို့ ဘယ်တုန်းကမှမဟုတ်ခဲ့ဘူး အရင်လဲ မဟုသလို နောင်လဲ မဟုတော့ဘူး။"
ရှောင်ကတော်နဲ့ ရှောင်လုချန် ကတော့ပြုံးဖြီးနေပြီး... ရှောင်အမတ်ကြီးက တော့ဘာမှမပြောပေ။ ဘေးက ရှောင်လုချန် က မျက်နှာလေးငယ်ပြီး.....
             "အဖေ..အားရှောင်တို့ကို ထွက်မသွားခိုင်းပါနဲ့၊ သားကြောင့် အခုလိုဖြစ်ရတာပါ၊ အားရှောင် အကိုတောင်းပန်ပါတယ် အိမ်တော်က ထွက်မသွားပါနဲ့ "
              "အဟက်.....ဘာလဲ နှိပ်စက်ရမဲ့သူ မရှိတော့လို့လား ၊ သောက်ပိုတွေမလုပ်စမ်းပါနဲ့ မြင်ရတဲ့ငါ့မျက်စိကို သနားလို့၊ မင်းကြောင့်ဆိုတာ သိသေးပုံထောက်ရင် ခွေးမဖြစ်သေးဘူးဘဲ ၊ ငါတို့အိမ်တော်စရောက်ကထဲက ဘယ်အချိန်တုန်းကများ ကောင်းကောင်းနေခဲ့ရလဲ..... မင်းတို့တွေရဲ့ အစေခံတွေတောင် ငါတို့ထက် ကောင်းကောင်းနေရသေးတယ်။ ပြီးတော့ အဖေ..အာ.မှားလို့ရှောင်အမတ်ကြီး ခင်ဗျားကကော အမေကိုယူတုန်းကယူပြီး. ...ဘယ်တုန်းကများ ယောကျာ်းတာဝန်ကျေပေးခဲ့လဲ..... အိမ်တော်မှာရှိတဲ့လူတိုင်းက ကျနော်တို့သားအမိကို လှောင်ရယ်တုန်းက ၊ အနိုင်ကျင့်တုန်းက ခင်ဗျားဘယ်သွားသေနေလဲဟမ် ၊ ခင်ဗျားမသိဘူးလို့တော့လာမပြောနဲ့ ၊ အစကထဲက တာဝန်မယူနိုင်ရင် သောက်ဖင်ယားပြီး ဘာလို့ယူတာလဲ ၊ ကျနော်သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်။ ကျနော်ကို သူတို့ဘယ်လောက်ထိနှိပ်စက်ပါစေ ၊ ခင်ဗျားသားပြောတာတွေယုံပြီး ကျနော်ကို အပြစ်ပေးခံရတာတွေ ကျနော်ဘာမှမပြောဘူး ။ ကျနော် အမေကို နှိပ်စက်တာကို လက်ပိုက်ကြည့်နေရလောက်အောင်ထိတော့ သည်းမခံနိုင်ဘူး ၊ အဲ့တော့ ခင်ဗျားရဲ့ ချစ်လှစွာသော မယားလေးကို ရိုက်လိုက်တယ်။ အဲ့တော့ ဘာလုပ်ချင်လဲ ကျနော်က အရင်လိုငြိမ်ခံမှာတော့မဟုတ်ဘူးနော်။ အမေကိုနောက်ခါထိတဲ့လူတွေအကုန် သတ်ပစ်မှာ မယုံရင်စမ်းကြည့်လိုက်နော် အပြောမဟုတ်ဘူး လက်တွေ့ပြမယ်။ "

What The Hell(system)Where stories live. Discover now