Zawgyiသော်တာငယ် spaceထဲပြန်ရောက်တော့ အမဲလုံးလေးက..
"host..mission အောင်မြင်တဲ့ အတွက်ဂုဏ်ပြုပါတယ်ဗျ "
"omm..."
မျက်မှောင်ကြုတ်ပြီး တစ်ခုခုကို အသဲအသန်စဉ်းစား နေတဲ့hostကြောင့် သူတိတ်တိတ်လေးနေပြီး host....
ဘာပြောမလို့လဲ လို့နားစွင့်နေလိုက်တယ်။ အတော်ကြာတော့...
"အမဲလုံး... ငါဆုံးဖြတ်လိုက်ပိ.."
"ဘာလဲ ဆုံဖြတ်လိုက်တာ..."
"အင်း...ဘာပါလိမ့်...မေ့သွားပြီ"
"Fuckဘဲ အကောင်းမှတ်လို့နားထောင်နေတာကို"
"လီးဘဲ အဖေကိုပြန်ဆဲစရာလား"
"systemမှာ အဖေမရှိပါဘူး..hostလူကြီးနဲ့ပတ်သတ်တာတွေကို ဖျက်ပစ်အုံးမလား"
"တော်ပြီ မဖျက်တော့ဘူး ငါသူ့ကိုမှတ်မိနေချင်တယ်။ "
"အဆိုနောက်ကမ္ဘာသွားရအောင်"
"omm....."
"Hostရဲ့ ကိုယ်ရေးအကျဉ်းပြပါမယ် "အမည်-သော်တာငယ်
အသက်-17
သိုလှောင်ရုံ-စိတ်ကြွဆေးပြား ၊ လက်စွပ်တစ်ကွင်း
တတ်မြောက်သည့်အတတ်ပညာ-အတီး ၊အချက်အပြုတ်
မူလကမ္ဘာသို့ရောက်ရန်လိုသောအမှတ်-4000/100000
"သင်စရာက အတိုက်အခိုက် ၊ နည်းပညာ.၊သရုပ်ဆောင် ကြိုက်တာ တစ်မျိုးရွေးပါ "
"ပထမတုံးက နှစ်မျိုးသင်ရပြီး အခုကျတော့ တစ်မျိုးထဲလား"
"အဲ့ဒါက ပထမဆုံးကမ္ဘာမို့ပါ"
"အဆိုလဲ အတိုက်အခိုက်"
"ဟိုရှေ့က ခွေးတိုးပေါက်ထဲ ဝင်သွားပါhost.."
"..............."
"ကံကောင်းပါစေ..host"
hostဝင်သွားတာနဲ့ သူလဲ အိပ်မလို့ လုပ်ကာမှ တစ်ခုခုကိုသတိရပြီး မေးမြန်းရအောင် သူအမြင်ကတ်တဲ့ ကံကြမ္မာနတ်ဘုရားဆီသွားရအုံးမယ်။ hostပြန်မရောက်ခင် မြန်မြန်လေး သွားရမယ် တော်ကြာနေ ငါလေးအဆဲမလွှတ်ဖြစ်နေအုံးလို့. ဒုက္ခ ဘဲ။ သော်တာငယ် space ထဲမှာ ၂၅နှစ်ကြာပြီး ပြန်ထွက်လာတော့ တိတ်ဆိတ်နေတဲ့ အပြင် အမဲလုံးလေးကိုလဲ မတွေ့ရဘူး။ ဆဲမလို့ပြင်ကာမှ
"ငလူးမ systemစုတ် ငါပြန်လာတာတောင် မကြိုဘူး သောက်ပျင်းsystem"
".............."
"host အစားပြောပေးတာ"
[ငင့်.သောက်systemစုတ် ငါ့မှာစကားတောင် နင်သွားတာဘဲ]
"အဟမ်း...မင်းကဘယ်သွားတာလဲ"
"အထက်ကခေါ်လို့ ခနသွားတာ"
"သြော်..."
"နောက်ဘဝသွားမယ်"
"omm..."
"စတင်ထွက်ခွာနေပါပြီ....35%...75%...100%.."
သော်တာငယ် ခေါင်းကနာကျင်မူကို အသားကျအောင်လုပ်နေရင်း "ဖြန်း"မိမိပါးတစ်ခုလုံးထူပူသွားခဲ့တယ်။ဟုတ်ပါတယ် ပါးရိုက်ခံလိုက်ရတာ ရောက်ရောက်ချင်း ပါးရိုက်ခံရတယ် fuckဘဲ....ကျိန်ဆဲနေတုန်း သူ့ကိုပါးရိုက်တဲ့သူကဆက်ပြီး
"အဟက်..အမှိုက်က အမှိုက်လိုမနေဘူး..မင်းလို စွန့်ပစ်ခံသားက ငါကို ပြန်အော်ပြောနေတာ အဖေသိရင် ဟင်းဟင်း...မင်းသိပါတယ်"
ဘေးနားကလူတွေ ကလဲ သူ့ကိုလှောင်ရယ်နေကြတယ်။ သူမော့ကြည့်လိုက်တော့ ဆံပင်ရှည်တွေကို ထုံးဖွဲ့ထားပြီးနဖူးက ရဲနေသောအမှတ်က ထင်းနေပြီး လှပတယ်။ မျက်ဝန်းတို့ က ဝိုင်းနေပြီး နှာတံ ၊နှုတ်ခမ်း အပြစ်ပြောစရာ မရှိဘူး ။ ဒါပင်မဲ့ ရုပ်ချောပြီး အကျင့်မကောင်းရင် အလကားဘဲလေ။သူ့ကို လှောင်ရယ်ပြောဆိုပြီး ထိုလူတွေထွက်သွားတော့မှ ဒီကိုယ်ရဲ့ မှတ်ညဏ် တွေကို ဖတ်ရူလိုက်တယ်။
ဒီကမ္ဘာမှာ အမျိုးသား၊ အမျိုးသမီး ၊ ကောဆိုပြီး၃မျိုးရှိတယ်။ ကောအမျိုးသားတွေက ကိုယ်ဝန်ဆောင် နိုင်ကြပြီး အရမ်းလဲချောမောကြသည်။ ဒီကိုယ်နာမယ်က ရှောင်ဝမ်လု အဖေကရှောင်အမတ်ကြီးဖြစ်ပြီး သူတို့ သားအမိကိုစွန့်ပစ်ထားတယ်။ အိမ်တော်မှာ အစေခံတွေက အစအမြဲတမ်းသူတို့သားအမိကို နှိပ်စက်ကြတယ်၊ ဒီကိုယ်ကကောတစ်ယောက်ဖြစ်ပြီး အလွန်လှပတာကြောင့် အမြဲမျက်နှာကို ဖုံးထားရတယ်။ ကောဖြစ်တာကိုလဲ မိခင်ကလွဲပြီး တစ်ယောက်မှ မသိကြပေ။ ခုနက ပါးရိုက်တဲ့သူက ရှောင်အမတ်ကြီးရဲ့ အချစ်ဆုံးသား ရှောင်လုချန်ဖြစ်ပြီး ကောတစ်ယောက်လဲ ဖြစ်တယ်။ မူလကိုယ်က ကောဖြစ်တဲ့သူ့ထက်ချောတာကြောင့် အမြဲနှိပ်စက်လေ့ရှိပြီး နောက်ကျရှောင်အမတ်ကို ဒီကိုယ်က အနိုင်ကျင့်ပါတယ်ဆိုပြီးသွားပြောတော့ ရှောင်အမတ်ကြီးက ဒေါသထွက်ပြီး သတ်လိုက်သည်။သေတဲ့အထိ ဒီကိုယ်က ကောဆိုတာ ဘယ်သူမှမသိလိုက်ဘူး။ ရှောင်လုချန်ကျတော့ တိုင်းပြည်မင်းကြီးနဲ့ ကြိုက်ပြီး ညားသွားတယ်။သားတစ်ယောက် သမီး တစ်ယောက်မွေးပြီး ပျော်ရွှင်စွာနေသွားကြတယ်။ ရှောင်ဝမ်လု ရဲ့ မိခင်ကတော့ သားဖြစ်သူ့အတွက် ဝမ်းနည်းနေတုန်း အသတ်ခံလိုက်ရတယ်။ သေချာပေါက် ရှောင်လုချန် လက်ချက်ဘဲလေ။ အများအမြင်မှာ စိတ်ထားကောင်းတဲ့ သူအဖြစ် ဟန်ဆောင်ထားပြီး နောက်ကွယ်မှာတော့ မထင်ရင်မခင်သလို လူသတ်နေတဲ့ သူဖြစ်သည်။ ငါမင်းအတွက် ကလဲ့စားပြန်ချေပေးမယ်။
"host.ရှောင်လုဝမ်ရဲ့ ဆန္ဒ ကတစ်ခုထဲ ချစ်ရတဲ့သူနဲ့ ပျော်ရွှင်စရာ မိသားစုလေး ကို ဖြတ်သန်း ချင်တာပါ"
"ငါလဲ သေပြီးမှ ပိုက်ဆံမကုန်ရဘဲ တရုတ်ပြည်ရောက်နေတယ်။ တရုတ်စကားလဲသင်စရာတောင်မလိုဘဲ တတ်နေတာ မိုက်လိုက်တာ "
"အဟမ်း...host မူလရှောင်ဝမ်လုရဲ့ အမေနားသွားလိုက်အုံး မကြာခင်သတ်ခံရတော့မှာ "
"အေးပါကွာ... အခုသွားပြီ"
ရှောင်ဝမ်လု သူ့အမေရှိရာကို အမြန်ဆုံးပြေးသွားလိုက်တယ်။
YOU ARE READING
What The Hell(system)
Fanfictionသော်တာငယ် တယောက်မတော်တဆကားတိုက်မူကြောင့် systemထဲရောက်ရှိပြီး တာဝန်တွေထမ်းဆောင်ဖို့ ဖြစ်လာသောအခါ ဘယ်လိုတွေဖြစ်လာမလဲ အချစ်ကိုရောရှာတွေ့နိုင်မလား ဆိုတာဖတ်ပိးအားပေးကြပါအုံးရှင့် အခုမှစရေးတာမို့ အမှားပါရင်တောင်းပန်ပါတယ်ရှင့် ဝေဖန်ပေးကြပါအုံး သော်တာငယ် တ...