arc(3.4)

2.2K 262 19
                                    

Zawgyi

ဟယ်ရီ အဆောင်ကနေ အိမ်တော်မှာဘဲ ပြန်ပြောင်းနေဖို့ဆုံးဖြတ်လိုက်တယ်။ သူ့မိဘတွေက နဂိုကတည်းက အဆောင်ပေးမနေချင်ပေ ၊ ဟယ်ရီအတင်းပြောလို့သာ ပေးနေရတာဖြစ်တယ်။ ကျောင်းမှာအနိုင်ကျင့်ခံနေရတာကိုလဲ မိဘတွေကိုပြန်မပြောတာကြောင့် သူသေတော့မှ မိဘတွေက အကြောင်းစုံ စုံစမ်းပြီး လက်စားချေပင်မဲ့ အဓိကဇာတ်လိုက်ကို မယှဉ်နိုင်တာကြောင့် နောက်ဆုံး ဂရေ့စ်အိမ်တော်သာပျက်စီးသွားရသည်။ သူကတော့အရင်တုန်းကလို ဘယ်လိုမှအဖြစ်မခံနိုင်ပေ ၊ စီးပွားရေးတစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ သူ့အိမ်တော်ပြန်လာဖို့ မားကိုဖုန်းခေါ်ကာ

"Hello..... မား "

"သား အိမ်တော်မှာ ပြန်လာနေမလို့ "

"ရတယ် သားကိုယ့်ဟာကိုယ်ဘဲ ပြန်လာလိုက်မယ် "

"ဟုတ်မား ချစ်တယ်နော် "

ဟယ်ရီလဲ ပင်ပန်းလာတာကြောင့် ခနအိပ်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်တော်ကိုညနေမှ ပြန်တာပေါ့ ၊

ဂျိမ်းလက်ထဲကဖိုင်ကိုကြည့်ပြီး မျက်နှာမှာအပြုံးတို့ ကနေရာယူထားလေသည်။ သူ့အကောင်ပေါက်လေးအကြောင်းကိုဖတ်နေတာဖြစ်ပြီး အကောင်ပေါက်လေးမှာ ယခုထိသက်ဆိုင်သူမရှိသေးပေ။အဲ့ဒါကအရင်တုန်းကဘဲဖြစ်ပြီး အခုတော့အကောင်ပေါက်လေးဟာ မိမိအပိုင်ပင် ၊ အကောင်ပေါက်လေးကိုထိသမျှလူတိုင်းက သေခြင်းတရားထက် ရှင်ခြင်းတရားကကြောက်ဖို့ကောင်းတယ်ဆိုတာ သင်ကြားပေးလိုက်မယ်။

"ဝမ်း... အကောင်ပေါက်လေးနောက် သက်တော်စောင့်တွေလွှတ်ထားလိုက် သူသတိမထားမိစေနဲ့ "

"............."

"ပြီးတော့ သူ့ရဲ့ လှုပ်ရှားမူမှန်သမျှအကုန်ငါ့ကို တင်ပြပါ တစ်ခုမှ မလွတ်စေနဲ့ "

"ဟုတ်ကဲ့ပါ သခင်လေး "

သခင်လေးရဲ့ အနာဂတ်ဇနီးလောင်းမို့ သေချာဂရုစိုက်ရန် ဝမ်းစိတ်ထဲမှတွေးထားလိုက်သည်။

ဂရေ့စ်အိမ်တော်အတွင်း စားဖိုဆောင်တွင် လူများရှုပ်ရှက်ခက်နေပြီး အိမ်တော်သခင်မကြီးမှ

What The Hell(system)Where stories live. Discover now