arc-1.12(တိမ်မူးယံ ဘဝ)end

4.4K 434 12
                                    

   Zawgyi

ဒီနေ့ ရှိန်ရောင် ရဲ့ မွေးနေ့ဖြစ်တယ်။ သူ​တော့အရမ်းပျော်နေပြီး  စိတ်လှုပ်ရှားနေမိသည်။ အနက်ရောင် အနောက်ဝတ်စုံနဲ့ ခန့်ညားနေပြီး မိမိ၏ ကလေးငယ်ကို မျှော်နေမိသည်။ ခနကြာတော့  အဖြူရောင် ဝတ်စုံလေးနဲ့ ချစ်ရတဲ့ ကောင်လေးက မိမိဆီသို့ အပြုံးလေးနဲ့ တည့်မတ်စွာ ရောက်ရှိလာပြီး.....
      "ကိုကို့ အတွက် တိမ်လေးမွေးနေ့လက်ဆောင်ပေးမယ်နော် ခနလေး...."
ထိုသို့ပြောပြီး သူ့အနားကနေ ထွက်သွားခဲ့သည်။

လွှမ်း မွေးနေ့ပွဲသို့ ရောက်ရှိနေပြီး မွေးနေ့ရှင်လူသားကို ကြည့်ပြီး တိမ်မူးယံ ကို မနာလိုဖြစ်မိသည်။ အမှန်ဆို တိမ်မူးယံ နေရာမှာ မိမိဖြစ်ရမှာ အဲ့အမှိုက်ကောင်က ဘာများသာနေလို့လဲ ။ တိမ်မူးယံ သေရင် ထိုလူသား(ဆက်ရှိန်ရောင်) က မိမိအပိုင်ဖြစ်လာမှာ ၊ တိမ်မူးယံ  မင်းသေကိုသေရမယ်။

တိမ်မူးယံ လူကြီးအတွက်  space ထဲကသင်လာတဲ့ အတီးစွမ်းရည်ကို သုံးပြီး စန္ဒယား တီးပြဖို့အတွက် စင်ပေါ်ကိုတက်သွားလိုက်ပြီး စန္ဒယား ခုံမှာထိုင်လိုက်သည်။နောက် မိမိရဲ့ လက်လျောင်းတို့ကို စန္ဒယား ပေါ်ပြေးလွှားစေလိုက်သည်။
ရှိန်ရောင် မိမိအတွက် စန္ဒယား တီးပေးနေတဲ့ ကလေးငယ်ကြောင့်အရမ်းကိုပျော်ရွှင်နေမိသည်။

မွေးနေ့ ပွဲသို့​ရောက်ရှိလာတဲ့ သူတွေအကုန်လုံးဟာ သံစဉ်ထဲနစ်မျောသွားပြီး ထိုသံစဉ်လေးဟာ ကောင်လေးတစ်ယောက်က သူ့ချစ်သူကို ဘယ်လောက်ထိချစ်ကြောင်း ၊ မြတ်နိုးကြောင်းဖော်ပြထားသော သံစဉ် ဖြစ်သည်။ နားထောင်နေတဲ့သူအားလုံးပင် ထိုကောင်လေးရဲ့ အချစ်တွေကို ခံစားရစေသည်။ သံစဉ်ပြီးသွားတာတော်တော်ကြာမှ လူတွေဟာ လက်ခုပ်တီးဖို့ သတိရတော့တယ်။စန္ဒယားတီးနေတဲ့ ကောင်လေးကို မုန်းတီးစွာ စိုက်ကြည့်နေတဲ့ သူရှိနေပြီး ထိုသူဟာ မဲ့ပြုံးတစ်ချက်ပြုံးပြီးစားပွဲထိုး​ကောင်လေးကို ခေါင်းညိတ်ပြလိုက်သည်။
 
   တိမ်မူးယံ စန္ဒယား တီးပြီးတော့ လူကြီးဆီကိုလျှောက်သွားနေတုန်းမှာ systemရဲ့
        "host...... သတိထား.."
အသိပေးသံနဲ့အတူ.. မိမိရင်ဘတ်သို့ ဖောက်ဝင်သွားတဲ့ ကျဉ်ဆံကြောင့် အဖြူရောင်ဝတ်စုံလေးဟာ သွေးများဖြင့်အနီရောင်သို့ပင် ပြောင်းလဲသွားပြီဖြစ်သည်။ လူကြီးဟာ မိမိဆီသို့ စိုရိမ်တကြီးပြေးလာတာကို မြင်လိုက်ရပြီး မိမိမျက်ဝန်းများအမှောင်ဖုံးသွားရသည်။
  ရှိန်ရောင်  မိမိဆီလာနေတဲ့ ကလေးငယ်ကိုပြုံးပြီး စိုက်ကြည့်နေတုန်း သေနတ်မှန်ကာ လဲကျသွားတဲ့ ကလေးငယ်ကြောင့် အနားကိုအမြန်ပြေးသွားလိုက်ပြီး.......
        "ကလေး..မျက်လုံးမပိတ်လိုက်နဲ့ နော်.. ကိုယ့်ကိုထားသွားလို့မရဘူး.. အားတင်းထားနော်။"
ရှိန်ရောင် အသိစိတ်လွတ်ပြီး အော်ဟစ်သောင်းကျန်းနေမိသည်။ကလေးငယ်က မိမိကိုထားသွားခဲ့ပြီး မိမိအနားက ထွက်သွားခဲ့ပြီ ။ ရှိန်ရောင် ကလေးငယ်ကို မိမိဆီက ခေါ်ထုတ်သွားတဲ့ သူကို မသေမရှင်ဖြစ်အောင်နှိပ်စက်ပြီး......နောက်ဆုံးထိုလူသေသွားတော့မှ မိမိကိုယ်တိုင်လဲ ကလေးငယ်ရဲ့ အုတ်ဂူနားမှာဘဲ ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်။
တိမ်မူးယံ သေဆုံးပြီးချင်း space ထဲ မပြန်ဘဲ ရှိန်ရောင် အနားမှာ ဝိညာဉ် တစ်ကောင်ဖြင့်နေခဲ့ပြီး ရှိန်ရောင် သေဆုံးသွားမှ ထိုကမ္ဘာထွက်လာခဲ့လိုက်သည်။

What The Hell(system)Where stories live. Discover now