စတင်ခြင်း

756 38 4
                                    

[Unicode]

⚠️🚨AUTHOR WARNING :ဤဝတ္ထုပါအကြောင်းအရာများသည် စာရေးသူ​၏စိတ်ကူးယဉ်အကြောင်းအရာများသာဖြစ်ပြီး sexual mature contentများ၊suicidal thoughtsများ၊သဘာဝလွန်ဖြစ်ရပ်များ၊သွေးထွက်သံယိုဖြစ်ရပ်များ ပါဝင်ပါသည်။အသက်မပြည့်သေးသောစာဖတ်သူများနှင့် mature contentမကြိုက်မနှစ်သက်သောစာဖတ်သူများအား ကြိုတင်မေတ္တာရပ်ခံပါသည်။🚨⚠️

                                 [စတင်ခြင်း]

၁၉၉၈ခုနှစ် နိုဝင်ဘာလ တန်ဆောင်မုန်းလပြည့်ကျော် ၇ရက် သို့

"အိပ်မက်တွေရဲ့အလွန်မှာ
အေးစက်နေတဲ့ကောင်းကင်တစ်ခုရှိတယ်
ကြယ်သေတွေနဲ့ ငိုနေတဲ့တိမ်တွေ
မင်းပြီးရင်ငါပဲပေါ့
အပုန်းကောင်းတဲ့မင်း ခုများတော့ဘယ်မှာလဲ
ပျော်လို့ဝပြီဆို
ဒီလူဆီပြန်လာတော့
သိပ်မဝေးလည်း မနီးနိုင်တာမလို့
ပုံပြင်တွေ ဆုံးရင်
နာကျင်နေတဲ့ ပင်လယ်ပြင်ဆီ
မင်းပြန်လာတော့"

                       -သိုးမဲ

၂၀၂၀ခုနှစ် ဒီဇင်ဘာလ တန်ဆောင်းမုန်းလပြည့်ကျော် ၇ရက် သို့

"ပျောက်သောသူရှာရင်တွေ့
သေသောသူကြာရင်မေ့
မသေနိုင်သေးလို့ မပျောက်ကွယ်သေးတာပါ
မင်းလာရှာမယ်အမှတ်နဲ့
တစ်စုံတစ်ယောက်လာရှာမယ်အမှတ်နဲ့..."

                        -SY

သွေးတွေ သွေးတွေ...နေရာအနှံ့ပတ်ပတ်လည်မှာသွေးတွေချည်းပဲ။သူရော သူရောအသက်ရှင်သေးရဲ့လား။အဆုံးစွန်ထိနစ်မြုပ်သွားပြီးနောက် ငါ့ကမ္ဘာဟာအမှောင်အတိပဲ။မွန်းကြပ်လိုက်တာ။သွေးစက်လက်နဲ့ ဒဏ်ရာတွေကလည်း လတ်လတ်ဆတ်ဆတ်။သွေးညှီနံ့တွေနဲ့ ဒီနေရာကြီးကမနှစ်မြို့ဖွယ်ကောင်းလိုက်တာ။

ငါတို့နှစ်ယောက်ကို ဘယ်အရာကများဆက်သွယ်ပေးထားတာလဲ။

နာလိုက်တာ နာလိုက်တာ။အသွေးတွေအသားတွေထဲကကိုနာကျင်နေတာ သေမတတ်ပါပဲ။ငါ့ကိုသတ်ပေးကြပါ။တစ်စုံတစ်ယောက်သတ်ပေးကြပါ။မဟုတ်သေးဘူး ငါ သူ့ကိုစောင့်နေရမယ်။သူ ငါ့ကိုရှာမတွေ့မချင်း ငါဟာဒီနေရာမှာပဲရှိနေမယ်။

𝗪𝗛𝗢?Where stories live. Discover now