[Unicode]အခန်း(၁၁) [ပုံပြင်တစ်ပုဒ်]
"ငါ့တစ်မိသားစုလုံးသေသွားပြီ သျှင်း"
အပ်ကျသံပင်ကြားနိုင်လောက်သောအခန်းထဲရှိ အေးစက်စွာထွက်ပေါ်လာသာအသံတစ်သံ။ထိုစဉ် ကောင်းကင်ရှိတိမ်မဲတို့က တလိမ့်လိမ့်တက်လာလေ၏။တချက်တချက် ပြတင်းတံခါးမှတဆင့် ဝင်လာတတ်သော လျှပ်စီးရောင်တို့ကြောင့် မကြာခင်မိုးရွာတော့မည်ဖြစ်ကြောင်း ရိပ်စားမိပါသည်။
"ဗျာ"
"ဟုတ်တယ် တစ်မိသားစုလုံးပဲ ကြီးမေရော တီစုရော ဦးငယ်ရော သူတို့အသတ်ခံလိုက်ရတာ ငါ့ဘဝရဲ့နောက်ဆုံးလက်ကျန်သွေးသားတွေ အကုန်ငါ့ကိုခွဲသွားကြပြီ။ သျှင်း ငါဘယ်လိုလုပ်ရမလဲ...ငါဘယ်လိုဆက်ပြီးအသက်ရှင်ရမလဲ"
ရင်ထဲရုတ်ချည်းမွန်းကြပ်လာပါ၏။ငယ်စဉ်ကတည်းက အဖေအမေဆုံး၍ အဒေါ်နှစ်ယောက်နှင့်ရောဂါသည်ဦးလေးနှင့်သာ အတူနေရသောသွင့်အကြောင်းကို သွင်နှင့်စတင်ရင်းနှီးကတည်းက သူရိပ်မိထားသည်မဟုတ်လား။
သွင့်ကို သူဘယ်လိုနှစ်သိမ့်ပေးနိုင်ပါ့မလဲ...
ခုနလေးကပင် သွင်ဝမ်းနည်းနေသည့်ကြားထဲက သူ့ကိုသာယာမှုအထွဠ်အထိပ်ရောက်အောင်စွမ်းဆောင်ပေးခဲ့သည်။နည်းနည်းတောင်အားနာမိသွားသည်။လက်ရှိတော့ သွင့်ကိုဘာမှပြန်မလုပ်ပေးနိုင်သေး။သွင် အရမ်းဝမ်းနည်းနေမည်ဖြစ်ကြောင်းကိုလည်း တဆတ်ဆတ်တုန်နေသောနှုတ်ခမ်းသားများနှင့် အနီရောင်သန်းနေသော မျက်လုံးတစ်စုံက သက်သေပြနေလေ၏။
သျှင်း သောက်လက်စဆေးလိပ်ကို အနားရှိပြာခွက်ထဲသို့ ထိုးခြေလိုက်ပြီး သွင့်လက်ထဲမှ ဆေးလိပ်ကိုလည်း ပြာခွက်ထဲသို့ထည့်လိုက်သည်။အေးစက်နေသောသွင့်လက်ဖဝါးနှစ်ဖက်ကိုလည်း ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းများတစ်ခုနှင့်တစ်ခုသွယ်ယှက်လိုက်၏။ထို့နောက် သွင့်ရဲ့မျက်နှာကို ရှေ့သို့ဆွဲယူကာ နဖူးချင်းအပ်လိုက်ပြီး ခန္ဓာနှစ်ခုကိုအနီးကပ်ဆုံးထိကပ်ထားလိုက်လေသည်။
သူ့အပြုအမူတစ်ခုချင်းစီတိုင်းကို စကားနားထောင်သည့်သိုးငယ်လေးလို လင်းခေတ်သွင်မငြင်းဆန်ခဲ့ချေ။
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး