[Unicode]
အခန်း (၂၅) [ ဧည့်သည် ]
ဝမ်းနည်းစရာအပြည့်နဲ့ ရာသီပဲ။
ဒီနေ့ဟာ ထုံးစံအတိုင်း မှိုင်းညို့ညို့နဲ့ပေါ့။ဒါပေမဲ့ ခါတိုင်းထက်ကို ပိုပြီးပင်ပန်းနေသလိုပဲ။
"သွင် ကျွန်တော်ပင်ပန်းနေတယ်"
မွန်းကြပ်နေမှုတွေနဲ့အတူ ခေါင်းထဲပထမဆုံးပေါ်လာသော စိတ်သက်သာရာလေးကို စာချက်ချင်းလှမ်းပို့လိုက်သည်။
"ငါမင်းဆီကို အခုချက်ချင်းပဲလာခဲ့မယ်လေ"
"ဟင် ဘာလာလုပ်မလို့လဲ ကျွန်တော်နေတဲ့နေရာကို မသိပဲနဲ့"
"မင်းပင်ပန်းနေတယ်ဆိုလို့လေ ဘာအကြောင်းကြောင့် ပင်ပန်းနေလဲမသိပေမဲ့ ငါဖက်ထားပေးလိုက်ရင် အဆင်ပြေသွားမယ်ထင်လို့လေ"
တွေ့လား သွင်ဆိုတာ ကျွန်တော့်အတွက် အိမ်တစ်လုံးပဲလို့...
"ရပါတယ်သွင်ရယ် ဒီလိုပါပဲ တစ်ခါတလေကျ အကြောင်းအရာမယ်မယ်ရရမရှိ ဝမ်းနည်းနေတတ်တာ အရမ်းအားနေရင်လည်းဝမ်းနည်းနေတတ်တယ်လေ သေချာတယ်ကျွန်တော်အရမ်းအားနေလို့နေမယ်"
ရယ်သံလေးစွက်ပြီး တဖက်ကို ပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့ သူ့ရင်ဘတ်တစ်ခုလုံးက လေးလံနေပေသည်။ဒါပေမဲ့လည်း သွင့်ကို အပူတွေမပေးချင်သေး။
"သျှင်း"
"အင်း"
"သျှင်းမြတ်ရိပ်စစ်"
"ပြောလေ"
"ခဏလောက်နားလိုက်ပါလား"
ရပြီ။ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဘယ်လိုစိတ်မလန်းဆန်းမှုတွေပဲရှိရှိ ဘယ်လို ပင်ပန်းမှုတွေပဲရှိရှိ သူ့မှာ လင်းခေတ်သွင်ရှိရင်ရပြီ။
"ငါကဗျာဖတ်ပြမယ်လေ"
ထပ်တိုးနှစ်သိမ့်တေး။သွင်ကလေ သျှင်းအတွက်တော့ ဖြစ်တည်မှုနဲ့တင် စိတ်သက်သာမှုရစေတာမျိုးထင်သည်။သူစောင့်နေရကျိုးတကယ်နပ်လေပြီ။
သွင်စိတ်ညစ်ညူးနေစဉ်က ပြောပြခဲ့သည့်ပုံပြင်တစ်ပုဒ်က စိတ်သက်သာရာရစေခဲ့သလို သူဖတ်ပြတဲ့ကဗျာတစ်ပုဒ်သည်လည်း ဒီကောင်လေးအတွက် အားဖြစ်ပါစေသား...
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး