[Unicode]
အခန်း(၁၉) [ပိုင်ဆိုင်မှု]
"မိဘမဲ့ကောင် လင်းခေတ်သွင်ရဲ့ အဖေနဲ့အမေက သူ့ကိုပါခေါ်ပြီး သတ်သေတာတဲ့ အဲ့ကောင်က ကံကောင်းပြီးမသေလို့ လူဖြစ်လာတာ"
"မိန်းမပျက်သား ဖအေဘယ်သူမှန်းတောင်မသိတဲ့ကောင် သျှင်းမြတ်ရိပ်စစ်အမေက သျှင်းမြတ်ရိပ်စစ်ကို ဘယ်သူနဲ့ရမှန်းတောင် သိရဲ့လား"
"သူ့အဖေနဲ့အမေကအကြွေးတွေအများကြီးနဲ့မလို့ သူတို့ဘာသာသတ်သေသွားကြတာလေ"
"ဒေါ်ပန်းခက်က ဒီမြို့ကိုစရောက်ကတည်းက သျှင်းမြတ်ရိပ်စစ်ကို လက်ဆွဲလာတာ ဒီ့ကောင်အဖေဘယ်သူမှန်းတောင် အဲ့ဒီမိန်းမမပြောရဲဘူးလေ"
ထိုးနှက်ခံရမှုတွေ။တူညီသောနာကျင်မှုတွေက မတူညီသောရင်ဘတ်နှစ်ခုစီတွင် အစုလိုက်အပြုံလိုက်။
ကောလဟာလတွေကြားထဲက ရှင်သန်ခံရသူတွေ။လှောင်ပြောင်ခံရမှုတွေကြားထဲက ကြီးပြင်းလာခဲ့ရသူတွေ။လောင်းရိပ်တွေကြားထဲကနေ မလွတ်မြောက်နိုင်ခဲ့သူတွေ။သူတို့ဟာ ဆင်ခြေမရှိ သန်မာပြကြရတယ်။အဆုံးအစမရှိ သန်မာပြနေကြရတယ်။ကမ္ဘာကြီးက သူတို့ကို ဆိုးသွမ်းသူတွေအဖြစ်ပြောင်းလဲပေးနိုင်တယ်။အဲ့ဒီအခါကျ သူတို့ဟာထိပ်ဆုံးထိရောက်အောင်တက်ပြီး ရယ်ပြရလိမ့်မယ်။
တစ်နေ့နေ့တစ်ချိန်ချိန်ဆိုတာကို လက်ကိုင်ထားရပေမဲ့ မနက်ဖြန်တွေကိုတော့ မယုံကြည်တတ်ကြဘူး။ဒီလိုပါပဲ သူတို့ဟာ မသေသေးတဲ့အထိ ရှင်သန်သွားကြရတာပါပဲ။
ဘယ်လိုပဲခက်ခဲခက်ခဲ...
သွင် အစ်ကိုနဲ့ကျွန်တော်အတူတူလွတ်မြောက်မှကိုဖြစ်မယ်။
×××
ညဉ့်နက်သန်းခေါင် ညမှောင်မှောင်ကြီးကြားထဲမှပင် အိပ်မပျော်သေးသော အခန်းငယ်လေး။မီးခိုးရောင်နံရံတွေအားဆန့်ကျင့်လျက် မှိန်ပြပြလင်းနေသောမီးအလင်းရောင်အောက်တွင် လူငယ်နှစ်ဦး အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲနှစ်ဘူးကို အားရပါးရစားသောက်နေကြလေ၏။
"ဘယ်အစားအသောက်တွေဘယ်လိုကောင်းကောင်း အသင့်စားခေါက်ဆွဲဘူးတွေကိုတော့ တကယ်မမှီဘူး"
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး