အခန်း(၃) [ကဗျာ]

78 15 9
                                    

[Unicode]

                     အခန်း(၃) [ကဗျာ]

"စတွေ့ခဲ့တာပါပဲ
မင်းမှမဟုတ်တာ
မင်းကတော့ မင်းလို့ပြောတယ်
ငါ့မှာဘယ်သူအားကိုးနဲ့
မင်းကိုချစ်ရဲနေရတာလဲ"

တစ်နေ့တာ တာဝန်ဝတ္တရားများပြီးဆုံးသွားသည့်အခါမှ ဖိုးသားမှာ စိတ်ချလက်ချနဲ့ ခါးဆန့်ရတော့သည်။နာရီမူကား ၁၂နာရီတိတိ။တစ်ချက်ချက် လွင့်ပျံလာသော ခွေးအူသံသဲ့သဲ့နှင့် တစ်ခါတစ်ရံကြားရသော အိမ်မြောင်စုတ်ထိုးသံတစ်ချို့မှလွဲ၍ သူ့ရဲ့ညချမ်းအချိန်အခါမှာ အလွန်ကြည်နူးဖွယ်ကောင်းနေပေသည်။

"မင်းရေးထားတာလား"

"အင်း ဟုတ်ပ။ဘယ်လိုနေလဲ"

"အင်း ကဗျာနဲ့တူတယ်"

"အာ ကဗျာရေးပါတယ်ဆိုကွာ ကဗျာနဲ့တူသလိုပဲဆိုတော​့ မင်းဟာက"

ဖုန်းမျက်နှာပြင်ထက်၌ တရိပ်ရိပ်ပေါ်လာသောစာလုံးငယ်လေးများ။ညစဉ်ဝတ္တရားတစ်ခုဖြစ်ခဲ့သည်မှာ တစ်ပတ်ကျော်တောင်မကြာသေး။ထွက်ပေါက်မဲ့လွန်းနေသောသူ့ဘဝအတွက် ထိုစာလေးတွေရဲ့ ပိုင်ရှင်လေးမှာ တံခါးလေးတစ်ချပ်ဖြစ်ခဲ့သည်။

သတိ/ သူ​၏တံခါးလေးမှာ လွန်စွာ အားငယ်တတ်သည်။

"ဒီလိုရှိတယ်လေ သွင်ရဲ့။အခုခေတ်က ကဗျာတကယ်ရေးတတ်တဲ့သူရှားသွားပြီ။နာမည်ကြီးအောင်ရေးထားကြတဲ့ နှစ်ကြောင်းစပ်စာစုတွေပဲရှိတော့တာလေ"

စကားကြီးစကားကျယ်တွေပြောပြန်ပြီ...

"ဟမ် လေးလုံးစပ် ကဗျာပဲကြားဖူးပါတယ် ဘယ်နှယ့် မင့်ဟာက နှစ်ကြောင်းစပ်စာစုဆိုပဲ"

"ဟား ဟား နှစ်ကြောင်းထဲနဲ့ကဗျာဖြစ်သွားတဲ့စာတွေလေ"

"မင်းကတော့ လုပ်ပြီကွာ"

တစ်ဖက်ကကောင်လေးကို ဖိုးသား သူမမြင်နိုင်ပေမဲ့ ထိုကောင်လေး သေချာပေါက်ရယ်နေသည်ဆိုတာ သူသေချာပေါက်သိနေပါသည်။
တကယ့်ကောင်ပါကွာ..

"ဒါနဲ့ သွင် ကျွန်တော့်ကိုဖုန်းဆက်ရင် ညဘက်ပဲဆက်နော်။ကျွန်တော်က နေ့ခင်းဘက်တွေမအားလို့"

𝗪𝗛𝗢?Where stories live. Discover now