[Unicode]
အခန်း(၁၀) [Tears]
"လောကမှာလေ အရက်သမားတွေကရှိကိုရှိမနေသင့်တဲ့လူတွေ အဲ့လိုလူတွေရှိရင် မြေကြီးလေးတာပဲရှိတယ် ဘာကောင်းကျိုးမှကိုမရှိဘူး"
တစ်မနက်လုံးစာသင်ခန်းထဲတွင် တဗျစ်ဗျစ်တတောက်တောက်ပြောနေသောသျှင်း။ပုံမှန်ဆိုလျှင် သျှင်းရောသူပါမနက်ပိုင်းအတန်းချိန်တွေဆိုလျှင် မတက်တာများသည်။ကျောင်းစာကြည့်တိုက်တွင် သွားအိပ်နေသည်ဖြစ်စေ၊ကျောင်းနောက်ဖက်ရှိအုတ်နံရံပေါ်တွင် ဆေးလိပ်ထိုင်သောက်နေတာမျိုးလုပ်လေ့ရှိ၏။ဒီနေ့မှ ထူးထူးဆန်းဆန်းမနက်ပိုင်းအချိန်တက်ဖို့စဉ်းစားလိုက်ခါမှ စောစောစီးစီးပိုက်ဆံလာတောင်းသောအမူးသမားတစ်ယောက်ကြောင့် မနောပျက်ရလေ၏။
"ဘုရားကလဲ အဲ့လိုလူတွေကိုကြည့်ကောင်းနေလားမသိဘူး အရှင်ကိုမထားသင့်တဲ့ဟာတွေ"
ဤသည်မှာသျှင်း၏ထူးခြားချက်ပင်ဖြစ်သည်။ပေါင်းလာသည့်တောက်လျှောက်လုံး သျှင်းစိတ်ဆိုးဒေါသထွက်တာမကြုံဖူးသေး။ရန်ဖြစ်လျှင်တောင် ပြုံးပြီးဖြစ်တတ်သူပင်မဟုတ်လား။သို့သော် ထိုသူမှာလည်း ခြွင်းချက်ရှိပါ၏။
အရက်သမားတွေဆိုလျှင် အကြောင်းအရင်းမရှိ နေရာမရွေး၊အချိန်မရွေး မုန်းတီးရွံရှာသူဖြစ်သည်။ထိုအရက်သမားများနှင့်ဆုံတာနဲ့ကို သျှင်းမြတ်ရိပ်စစ်မှာ ခန္ဓာကိုယ်တွင်းရှိမီးတို့တောက်လောင်ရ၏။
"သျှင်း မင်းကအရက်သမားကိုဘာလို့ဒီလောက်မုန်းတာလဲ"
မွန်း ခဏခဏမေးဖူးသောမေးခွန်းဖြစ်လေသည်။သို့သော်မည်သည့်အခါမှအဖြေမရှိ။သျှင်း အကြောင်းအရင်းကိုဘယ်တော့မှ မပြောလောက်ဟု သူရိပ်မိပါသည်။
"ကဲပါ ငါတို့သွားပျော်ကြရအောင်"
သျှင်းက အရက်ဘီယာကိုလုံးဝမထိသူတစ်ဦးဖြစ်သည်။သို့သော် ဆေးလိပ်ကိုတော့ စွဲစွဲမက်မက်သောက်၏။နီကိုဒင်းဓာတ်ကလည်း ဟီရိုအင်းလိုပဲ လူကိုရူးရူးမူးမူးဖြစ်စေသည်မဟုတ်လား။
သူတို့နှစ်ယောက်ရဲ့ပျင်းရိဖွယ်ကောင်းလှသည့်တစ်နေ့တာကို ဘယ်လိုကုန်ဆုံးရမလဲမသိသောနေ့မျိုးများတွင် နှစ်ဦးသားအပျော်ဂေဟာများသို့သွားလေ့ရှိသည်။သူတို့မြို့ကလေးတွင် ဘယ်ခေတ်ကမှန်းမသိသည့် နတ်ဘုရားကျောင်းဆောင်များအများအပြားရှိသကဲ့သို့ ယောက်ျားမိန်းမအစုံရသည့် ပျော်တော်ဆက်ဂေဟာများလည်းရှိ၏။သျှင်းရောမွန်းပါ စပြီးခင်မင်ရင်းနှီးကတည်းက နှစ်ဦးစလုံးဂေးဆိုသည်ကို ပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံထားသည်ဖြစ်လို့ သူတို့သွားလျှင် ယောက်ျားလေးအပျော်ဂေဟာမျိုးကိုသာ သွားလေ့ရှိသည်။
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး