[Unicode]
အခန်း(၁၅)[အိမ်ပြန်ချိန်]
မီးခိုးရောင်များမှိုင်းထနေသော အခန်းငယ်လေးတစ်ခုအတွင်းရှိလေထုသည် ပုံမှန်ချိန်များထက် ပို၍အေးစက်နေလေသည်။ပြတင်းပေါက်ဘောင်ပေါ်တွင်ထိုင်ကာ ခပ်လှမ်းလှမ်းကိုသာ ငေးကြည့်နေသောသွင့်အတွက် သျှင်း စီးကရက်တစ်လိပ်ကိုလှမ်း၍ပေးလိုက်၏။စားသောက်ပြီးပြန်လာတဲ့အချိန်ကစပြီး စကားတစ်ခွန်းမှမဟလာသော လင်းခေတ်သွင်ကြောင့် အခန်းငယ်လေးမှာ ပိုမိုတိတ်ဆိတ်နေခြင်းဖြစ်သည်။
"သွင်"
တိုးညှင်းဖျော့တော့စွာခေါ်လိုက်သောလေသံလေးကြောင့် ခန္ဓာကိုယ်မှာ တချက်တွန့်သွားသော်လည်း ပြန်လည်ဖြေကြားခြင်းတော့မရှိပေ။
"သွင် ဘာဖြစ်နေတာလဲ"
တစ်ခေါက်၊နှစ်ခေါက်၊သုံးခေါက်မြောက်အထိ ပြန်ဖြေသံမကြားရချေ။
အတွေးလွန်နေပုံတော့မပေါ်ပါဘူး။
"မင်း ဘာလို့ငါ့ဆီလာခဲ့တာလဲ သျှင်း"
"သွင် ဘာတွေပြောနေတာလဲ"
တိတ်ဆိတ်နေရာမှ ရုတ်တရက်ထွက်ပေါ်လာသောအသံကလဲ တကယ့်ကို ကြောင်တောင်တောင်။ စနောက်နေဟန်လည်းမပေါ်သည့်မျက်နှာအနေအထားရှိနေသောကြောင့် ဒီမေးခွန်းကို သျှင်း အတည်ယူမိပါသည်။
"မင်းဘာဖြစ်လို့များ ငါ့ဆီလာခဲ့တာလဲလို့ ငါတကယ်သိချင်နေတာ"
"ပြန်ရောက်ကတည်းက စကားမပြောပဲ အပြင်ကိုပဲအကြာကြီးငေးနေတာ ခင်ဗျားက ဒါမေးမလို့လား"
သျှင်းအသံက တဖြည်းဖြည်းစိတ်ဆိုးသည့်ဘက်ရောက်နေသော်လည်း သွင့်ဘက်က အမူအရာတချက်မှမပြောင်းလဲ။သူတကယ်ပဲသိချင်နေသည့်ပုံနှင့်ပင် သျှင်းအား မျက်တောင်တချက်မခတ်ငေးကြည့်နေလေ၏။
"ကျွန်တော် မနက်ဖြန်ပဲပြန်တော့မှာကို ခင်ဗျားကဒီလိုအူကြောင်ကြားတွေမေးနေတုန်းနော်"
ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ ပြန်လည်ချေပလိုက်သော်လည်း သွင့်ပုံစံက သျှင်း မဖြေမခြင်း သူ့ကို တစ်သက်လုံးငေးကြည့်နေမည့်ပုံပင်။
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး