19

3.9K 675 34
                                    

"ခန့်...ကိုယ်ရောက်ပြီ"

screen ထက်ပေါ်လာသည့် ကိုကို့အား ကိုခန့်မျက်စောင်းတွေသာ လှိမ့်၍ ထိုးချသည်။

"ဟေ့ အာတာပူစီလေး..ပြုံးပြပါဦး"

သူ့အား အမျိုးမျိုးခေါ်တတ်သည့် ကိုကို့ကြောင့် ခေါင်းအုံးခု၍ မှောက်ယက်ကလေးလှဲနေရာမှ ခေါင်းအုံးထက် မျက်နှာမှောက်ချ၍ ပြုံးမိသွားသည်။

"အသဲလေး..စကားပြန်ပြောပါဦး"

"ခုမှ လာမချော့နဲ့..ထားတုန်းက ထားသွားပြီး"

ကိုကိုက နှုတ်ခမ်းဘေးအစွန်းတွေချိုင့်ဝင်သွားအောင်ထိ ပြုံး၍ သူ့အားငေးကြည့်နေသည်။

"ဟိုတယ်ခန်းက အဆင်ပြေရဲ့လား"

"ပြေတယ် ဘေဘီ..ရှယ်ပဲ"

ကိုခန့်မေးသည်ကို ဖြေကာ အခန်းကိုပါ လှည့်ပတ်ကာ ပြလာသည်။ လိုက်ကာစအား ဆွဲဖွင့်ပြတော့ စင်ကာပူ၏ ပြယုဂ် ဖြစ်သော Merlion ကိုပင် လှမ်းမြင်နေရသည်။

"ကိုကို..view ကောင်းတယ်နော်..Merlion Park နားမှာလား..မိုက်တယ် မိုက်တယ်"

ကိုခန့်က စံတုနောက်ရှိ view ကိုသာ စိတ်ဝင်တစား ကြည့်နေသော်လည်း စံတုမှာတော့ သူ့ကောင်လေး မျက်နှာကိုသာ ငေးမောကာကြည့်သည်။
ထားခဲ့သူနဲ့ကျန်ခဲ့ရသူမှာ ထားခဲ့ရသူက ပို၍လွမ်းရသည်။

ချစ်သူနှစ်ယောက် အတော်အတန်ကြာသည်အထိ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စနောက်ကျီစယ်ရင်း ချစ်စကားဆိုခဲ့ကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~
"ယပိုင် ဘာတဲ့လဲ"

ဆိုင်ထဲပြန်ဝင်လာသည့် ယပိုင့်ဘေးသို့ သူငယ်ချင်းသုံးယောက် စုပြုံလာသည်။ စိုင်းခမ်းက အိနြေ္ဒမပျက်သော်လည်း သိချင်နေသည်မှာ သိသာစွာပင် ယပိုင့်အား ကြည့်နေ၏။

"နေယပိုင်ပါကွ! ရွာမှာ ဒီပါးစပ်လေးနဲ့ပဲ မင်းတို့သူကြီးကို လှိမ့်လာတာ..မြို့သူတွေလောက်ကတော့ အေးဆေးပါ"

"ဒါဆို ရတယ်တဲ့လား"

သာထူးမှ သိချင်ဇောကြီးစွာ မေးလာ၍ ယပိုင်ခေါင်းညိတ်ပြလိုက်သည်။

"ယပိုင်..မင်းတကယ် ဇီးသီးနက်မန်းပဲ"

အေးထွန်းကလည်း လက်မတထောင်ထောင်ဖြင့် သူအားချီးကျူးလာသလို အပြုံးရှားသည့် ရှမ်းသားလေး စိုင်းခမ်းမှာလည်း ခေါင်းတခါခါဖြင့် ပြုံးနေသည်။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now