"ခန့် ပိန်သွားတယ်"
ခပ်သဲ့သဲ့ပြုံးပြလာသည့် ကောင်လေးသည် နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ထား၏။ ပြောချင်လာသည့် အကြောင်းအရာတစ်ခုအတွက် ပြောမထွက်သည့်ဟန်။ ခန့်နဲ့ယပိုင် ထိုင်နေသည့် ကော်ဖီဆိုင်လေးသည် ရန်ကုန်တွင် ပထမဦးဆုံး ခန့်ရယ်၊ သူရယ်၊ ခန့်ချစ်သူကောင်လေးရယ် သုံးယောက်ဆုံခဲ့သော ဆိုင်လေးဖြစ်သည်။
"ခန့် ဘာပြောချင်လို့လဲ"
"ကျွန်တော့်ကို.."
မျက်လုံးချင်း ထိပ်တိုက်ဆုံသွားသည့်အခါ ခန့်က အကြည့်မလွှဲ၊ သူ့မျက်ဝန်းတွေအား စေ့စေ့ကြည့်ကာ ငါးတစ်ကောင် အသက်ရှူနေသလို ပါးစပ်လေး ဟစိဟစိဖြင့် စကားလုံးတွေက အံကျမလာပေ။
"ကိုယ် အဆင်ပြေတယ်"
နားလည်စွာ ပြုံးပြလာသည့် အစ်ကိုကြောင့် ကိုခန့် မောဟိုက်သွားသည်။ ဒါက မဖြစ်သင့်ပေမဲ့။
"ချစ်သေးလား"
အံ့သြမှင်သက်သွားသော အစ်ကို့မျက်နှာတစ်ခုလုံးအား ကိုခန့် စိတ်လှုပ်ရှားစွာ အကြည့်မလွှဲဘဲ နေ၏။
"ချစ်သေးရဲ့လားဟင်"
"ဟက်.."
အောင့်သက်စွာ ရယ်ချလာသည့် အစ်ကို့ကြောင့် ကိုခန့် လက်ဖဝါးအချင်းချင်း ပြန်လည်ထိုးဆိတ်နေမိသည်။
"ကိုယ် ထုတ်ပြောခွင့်ရှိပြီလား၊ ခန့်ပဲ..."
သိပ်မြတ်နိုးသည့် သော်တာရောင် မျက်ဝန်းလေးတွင် အရည်ကြည်များ ရစ်ဝိုင်းလာ၍ ယပိုင့် ပြောလက်စ စကားကို ရပ်ပစ်လိုက်သည်။
"ကိုယ် မင်းကို သိပ်ချစ်တာပေါ့ ခန့်ရာ.."
"တွဲရအောင်"
"ခန့်."
မျှော်လင့်နေတဲ့ မျက်ဝန်းလေး၊ ချစ်စရာခွေးပေါက်လေး သခင်ဆီမှ လိုချင်တာ တောင်းခံသလို မျက်ဝန်းလေးတွေကြောင့် ယပိုင် မည့်သည့်စကားမှ ဆက်မမေးနိုင်။ အောင့်သက်နေသည့် စိတ်၊ ထိပါးခံရသော မာနတရား၊ နာကျင်နေသည့် နှလုံးသားအစုံကို ပြည်ဖုံးကာချ၍ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။