8

5.2K 878 131
                                    

"ဘာ..မြို့တက်မယ်"

အဖေ့ထံမှ အမေးစကားအား နေယပိုင် ပြုံးပြုံးကြီး ခေါင်းညိတ်ပြလိုက်သည်။ အမေတစ်ယောက် မျက်နှာ မသာမယာ။

"တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ အဖေရဲ့။ အဖေပဲ သားကို ခေတ်နဲ့အညီ တိုးတက်စေချင်တယ်ဆို.."

သူ့စကားကြောင့် အမေမှ အဖေ့အား မျက်စောင်းခဲသည်။

"ခေတ်နဲ့ အညီက ဟုတ်ပါပြီ။ မင်းက အခု မြို့တက်ပြီး ဘာလုပ်မှာလဲ။ သေချင်တဲ့ကျား တောပြောင်း ဆိုတာလဲ ရှိသေးတယ်ကွ"

"အဖေကလည်းဗျာ..မခုန်ခင် အသေအချာကြည့်ပါတဲ့..မလုပ်ခင် ရန်ကုန်က စီးပွားရေး ဈေးကွက်ကို သွားလေ့လာဦးမယ်လေ..ပြီးမှ ရွာပြန်လာပြီး ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ရမှာပေါ့ဗျ"

ယပိုင့်အပြောကို အဖေရော အမေကပါ လက်မခံချင်။ မရပါ။ သူကတော့ မြို့တက်ချင်နေပြီ။

"မဟုတ်သေးပါဘူးကွာ..မင်းဟာက မြန်လွန်းပါတယ်"

"ချိတုံချတုံ ဖြစ်နေသူက ဆုံးရှုံးမှုတွေ ကြုံတွေ့ရတယ်တဲ့..ကျွန်တော့်အသက်လည်း မငယ်တော့ဘူးလေ..မနက်ဖြန် မြို့တက်မယ်ဗျာ..တစ်ပတ်လောက် ကြာမယ်"

"မြို့တက်တော့ မင်းက ဘယ်မှာနေမလဲ..အသိတွေ ဘာတွေရော ရှိသေးရဲ့လား."

အဖေပြောသည်က ကျောင်းတက်စဉ်က သူငယ်ချင်းများအား ဆိုလိုခြင်းဖြစ်သည်။ ကိစ္စမရှိပါ။ နေယပိုင်က မပိုင်လျှင် ရွာသူကြီးသားပင် မလုပ်။

"ကြီးဒေါ်ချို ရှိတယ်လေဗျာ..ရန်ကုန်လာရင် သူ့အိမ်လာတည်းပါတဲ့ မှာခဲ့တယ်"

"နေပါဦး ငါ့သား..ကြီးဒေါ်ချိုဆိုတာ ဟိုတလောက မင်း အလည်ခေါ်လာတဲ့ အမျိုးသမီးတွေထဲကလား"

ယပိုင် အောင်နိုင်သူအပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ တစ်ရွာတစ်ကျီဆောက် ဆိုတဲ့ ဆိုရိုးက အလကားမှ မဟုတ်ဘဲ မိတ်ဆွေများလေ လူဝင်ဆံ့လေပေါ့။

ကြီးဒေါ်ချိုဆိုတာ ရန်ကုန်က ကြီးဒေါ်တစ်ယောက်။ သူ ညောင်ဦးမြို့ပေါ် တက်တဲ့နေ့တွင် အဒေါ် သုံးယောက် မြင်းလှည်းငှားဖို့ စောင့်နေသည်နှင့် တိုးခဲ့၏။ မြို့သူတွေဆိုတော့ ရှေ့အရေး ကြိုတွေးပြီး ရင်းနှီးမြုပ်နှံတဲ့ သဘောအနေနဲ့ အကူအညီတစ်ခုကို ရင်နှီးမြုပ်နှံဖြစ်တယ်ပေါ့။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now