All about Fiction

5K 525 77
                                    

ခပ်တည်တည်နဲ့ ခေါင်းစဉ်တပ်ချလိုက်တာ all about fiction တဲ့။
ဆိုတော့ကာ ရွာဇော်၏ ချစ်ဒုက္ခကို စရေးဖြစ်တဲ့ အကြောင်းက စမယ်ဗျာ။

ယပိုင့်အတွက် ကျေနပ်သူရှိသလို၊ မကျေနပ်သူရှိတယ်။ သေချာတာပေါ့။ ဒါက စာဖတ်သူရဲ့ အခွင့်အရေးပဲ။ အတွေးတွေတူနေရင် လောကကြီးက ပျင်းစရာကောင်းမှာလို့ ကျွန်တော်ပြောဖူးသလိုပေါ့ဗျာ။

ကျွန်တော် ဇာတ်သိမ်းကို တွေးမိပြီးမှ ဇာတ်လမ်းကို စတာပါ။ ဆိုလိုတာက အဆုံးသတ်က ကျွန်တော့်အတွေးတွေကို တံခါးလာခေါက်ခဲ့လို့ စတင်ခြင်းဖြစ်လာတာ။

ကြားဖြတ်ဝင်ပြောဦးမယ်။
(စံတုနဲ့ခန့်ရဲ့ moment အချို့က ကျွန်တော်နဲ့ ကျွန်တော့်ရည်စားဟောင်းကောင်မလေး ချစ်ခဲ့ကြတဲ့ အပြုအမူအချို့ကို စု၊တု၊ပြု ထားတာ။) နည်းနည်းတော့ နာကျင်ရတာပေါ့။ ကျွန်တော်တို့က ဝေးသွားပြီ။

ကျွန်တော့်ကို comment ကနေ မေးထားတာတွေ ရှိတယ်။

"ခန့်က ဘာလို့ ယပိုင်နဲ့တွဲတာလဲ"

ကျွန်တော်ဖြေမယ်နော်။ မသိရင် ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ အင်တာဗျူးဝင်နေရသလိုပဲ။ ဟဟ။ just kidding

မန်ကျည်းပင်ပေါ်မှာ ခန့်ပြောတဲ့စကားကို မှတ်မိကြလား။ "မပြောလိုက်ပါနဲ့ ကျွန်တော်အစ်ကို့ကို ဒီအချိန်လေးပဲ လိုအပ်တာ"တဲ့။
စံတုကို ဆုံးရှုံးရတဲ့အချိန်မှာ တွယ်ညှိအားကိုးစရာ ယပိုင်ပဲရှိခဲ့လို့ နေမှာပါ။ နောက်တစ်ခု Ending part မှာ ခန့်ပြောထားပါတယ်။ သူကိုယ်တိုင် ယပိုင့်အပေါ် စိတ်ယိုင်မိတယ်လို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့တယ်လို့။

ဒီလောက်ဆို နည်းနည်းနားလည်သွားမယ်လို့ ထင်ပါတယ်ခင်ဗျ။

ယပိုင့်ရွာပြန်တဲ့ အမေးအတွက်တော့ ကျွန်တော့်မှာ အဖြေမရှိဘူး။ ဒါ ယပိုင့်ရွေးချယ်မှုပဲလေ။ အဟဲ။ လူလည်ကျတာ မဟုတ်ဘူး။
ခန့်ကို ယပိုင်က သိပ်ချစ်တာကိုဗျ။

ပြောင်းလဲတတ်တဲ့ အချစ်တစ်ခုကို ကြုံတွေ့ရခဲ့ရတဲ့ ကျွန်တော်က မပြောင်းလဲတတ်တဲ့ အချစ်တွေ ရှိသေးတယ်ဆိုတာကို ရေးကြည့်ချင်ရုံပါ။

🎉 You've finished reading ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete 🎉
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now