3

7.1K 1.1K 84
                                    

ခန့်ငြိမ်းသာ ဆိုတဲ့ သူက ဒဂုံတက္ကသိုလ်မှ E major နောက်ဆုံးနှစ်ဖြေထားသည့် ကျောင်းသားတစ်ယောက်။ မေကတော့ အရိုးအကြော ဆရာဝန်၊ ဖေက စီးပွားရေး လုပ်ငန်းရှင်။ ဖေနဲ့မေက ကွာရှင်းထားပေမဲ့ သူကတော့ ဖေနဲ့ရော၊ မေနဲ့ရော အဆင်ပြေပါတယ်။ အချစ်ဦးဖြစ်တဲ့ ကိုကို့အချစ်ကို ပိုင်ဆိုင်ခွင့် ရထားတဲ့ မောင်ကံကောင်းလို့လည်း ဆိုရမှာပေါ့။
ကိုကိုက သူ့ရုံးမှာ အရေးပါတဲ့ Video Editor တစ်ယောက်။ အနေအေးတယ်။ ကြိုးစားတယ်။
ဒါက ကိုကိုရဲ့ ဆွဲဆောင်မှု တစ်ခုပဲ။ မျက်တွင်း နက်နက်လေးရယ်။ အလုပ်တွေများလို့ မညှပ်ဖြစ်တဲ့ ဆံပင်တွေကို နောက်လှန်ပြီး ဆွဲစည်းထားတိုင်း ပေါ်လာတဲ့ နဖူးပြင်ရယ်။ ဆေးလိပ်ငွေ့ ဝနေတဲ့ နှုတ်ခမ်းညိုလေးရယ်။ ဒါက ကိုခန့် ခုန်ဆင်းမိတဲ့ သမုဒ္ဒရာနယ်မြေ။
တစ်ခါတစ်လေဆို computer ရှေ့မှာပဲ အချိန်ကုန်တတ်လို့ ကိုကို့ ကို ဂူအောင်းမင်းသားလို့လည်း ခေါ်ကြတယ်။
အဲ့ကိုကိုက ခန့်ငြိမ်းသာ အတွက်တော့ ဖန်လုံးလေးထဲ ထည့်သိမ်းထားရလောက်အောင် အဖိုးတန်ပါသည်။

"သားငယ်..ရေမိုးချိုးတော့လေ"

ကိုကို့ကို လွမ်းနေတုန်း မေ့အသံကြောင့် အလွမ်းရှိန် ပျက်သွားရသည်။ ရေချိုးဖို့ကိုလည်း သူ့မှာ စိတ်ညစ်ရသည်။ ရွာစရောက်တည်းက ခြေလက်သာ ဆေးနေ၍ လူက နေရတာ နုံးချိချိ ဖြစ်လို့လာသည်။ ကြံရာမရသည့် အဆုံး နေယပိုင် ဆိုသည့် သူကြီးသားဖြစ်သူထံသာ သွားရတော့မည်။ အဲ့ဘဲကို သူသိပ်ကြည့်မရ။ ရုပ်ကိုက အူကြောင်ကြောင်ပုံ နှင့် အမြဲ ပြုံးဖြီးနေသည်။ တကယ်ဆို သူက တောသားတာဇံတွေနဲ့ကို မပတ်သက်ချင်။ ကြီးကျယ်ခြင်း မဟုတ်သော်လည်း မျိုးရိုးမြင့်သည့် မိဘများက ဆင်းသက်လာ၍ ခန့်ငြိမ်းသာက အနည်းတော့ အဆင့်အတန်း ခွဲခြားတတ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~

"ဟယ်လို..ဟယ်လို တက်စတင်..ဝမ်း..တူး..သရီး"

မိုက်ခရိုဖုန်းအား ကိုင်ကာ  ဆောင်းဘောက်စ်များမှ ထွက်လာသည့် သူ့အသံသူ ယပိုင်က သဘောတကျ ဖြစ်နေသည်။

"ငါလည်း စမ်းမယ် ယပိုင်.."

လက်ထဲက မိုက်ခရိုဖုန်းအား သာထူးက လာလုသည်။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now