(Ch-1) /U+Z/

2K 123 39
                                    

ဒီနေ့ကလဲ ပုံမှန်နေ့တွေလိုပါပဲ..ထူးခြားတာဆိုလို့
ဒီနေ့ Tutorial ဖြေရတာပဲ ရှိမယ်..။ဟူး... ပျင်းစရာကောင်းလွန်းမနေဘူးလား..တစ်နေ့တစ်နေ့ အလွတ်ရမတတ် သင်နေရတဲ့ သမိုင်း သင်ခန်းစာတွေနဲ့ ဗိသုကာပိုင်းဆိုင်ရာ လက်တွေ့လေ့လာမှုတွေ... ။ ဒါတွေနဲ့ပဲ လည်ပတ်နေရတာ အရမ်းပျင်းဖို့ကောင်းတယ်။

ဒီလိုပြောလိုက်လို့ ကျွန်တော့်ကို ဗိသုကာမေဂျာ ယူထားပြီး သမိုင်းတွေသင်နေရတာ စိတ်ညစ်နေတယ်လို့တော့ မထင်လိုက်နဲ့..။ ဒီမေဂျာကို ကျွန်တော် ကိုယ်တိုင် ပဲ ရွေးချယ်ခဲ့တာ..နောက်ပြီး သမိုင်းသင်ခန်းစာတွေ သင်ရတာကိုလဲ ကျွန်တော် နှစ်သက်တယ်။

ဘယ်လိုပြောရမလဲ.. ပစ္စည်းဟောင်းတွေကို စွဲလမ်းတယ်ပြောရမလား.. ရှေးဟောင်းအမွေအနှစ်တွေတိုင်းက ကျွန်တော့်အတွက်တော့ Night Club မှာ သီချင်းသံစဥ်တွေအလိုက် ကနေကြတဲ့ ခပ်လန်းလန်းကောင်မ‌လေးတွေထက် ပိုပြီးပိုပြီး ဆွဲဆောင်မှုရှိတယ်..။ ကျွန်တော် ယှဥ်ပြတာ မြင်သာတယ်မလား။

ဒါဆို အခုက ဘာလို့ပျင်းစရာကောင်းနေတာလဲ ဆိုတော့ အခုသင်သမျှ သင်ခန်းစာတွေ၊ သမိုင်းကြောင်းတွေက ကျွန်တော် အခေါက်ခေါက် ဖတ်ပြီးလို့ အလွတ်တောင် ရနေပြီ..။ ကျွန်တော်က အသစ်တွေထပ်သိချင်တာ အခုသင်နေရတာတွေထက် ပိုလက်တွေ့ကျတဲ့ပုံစံနဲ့ ထိတွေ့ချင်တာ.. ။

ကျွန်တော့်ကို စာဂျပိုး တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်..။ အခုပုံစံကလဲ အဲ့လိုနီးပါးပါပဲ.. မျက်မှန်ဝိုင်းတစ်လက်နဲ့.. အမြဲလိုလို ရှုပ်ပွနေတတ်တဲ့ ဆံပင်ပုံစံနဲ့.. ဘယ်ဘက်လက်မှာ စာအုပ်အထူကြီး တစ်အုပ်ကို အမြဲ ကိုင်ထားပြီး.. လမ်းလျှောက်နေရင်းတောင် ကိုယ့်အတွေးပင်လယ်ထဲ ကိုယ် ကူးခတ်နေတတ်တဲ့လူမျိုး ဆိုတော့လဲ..။

ဒါပေမယ့် ကျွန်တော့်မှာ တက်ကြွတဲ့ အကျင့်တစ်ခုတော့ ရှိပါတယ်.. စကားပြောလဲ ဖော်ရွေတာကြောင့် လူမှုဆက်ဆံရေးကောင်းတယ်လို့ ပြောလို့ရတယ်။ အတွေးထဲနစ်နေတဲ့ အချိန်ကလွဲလို့ ကျွန်တော်က စကားကောင်းကောင်းပြောပါတယ်..။

ကျွန်တော် မြတ်နိုးရသောWhere stories live. Discover now