"ဒီတစ်ညတာအတွက် ကျေးဇူးအထူးဗျာ.."
Barကောင်တာရှေ့မှာသူ့နေရာသူယူကာ အထာကျကျရှိနေတဲ့ထိုင်ခုံအဝိုင်းလေးတွေကလစ်လပ်လို့..။ ကောင်တာနောက်မှာတော့ရောင်စုံပုလင်းကြီးငယ်တို့က လှလှပပငြိမ်သက်နေကြသည်။ ခပ်မှောင်မှောင်ဖြစ်နေတဲ့ဆိုင်လေးအတွင်းမှာ ရောင်စုံမီးတို့ထွန်းထားဆဲပေမယ့် မျက်စိနောက်အောင်တော့လှုပ်ခတ်မနေဘူး။ လေထုထဲပျံ့လွင့်လာတဲ့သံစဥ်အေးအေးက သီးခြားစားပွဲဝိုင်းလေးတွေဆီပေါ့ပါးစွာကူးလူးသွားလာနေရင်း ငြိမ့်ညောင်းတဲ့အသိုက်အဝန်းတစ်ခုကိုကြိုးစားဖန်တီးနေလေရဲ့..။
ဒီအချိန်ကဆိုင်ပိတ်ချိန်။ ဆိုင်ပိုင်ရှင်ဖြစ်သူဂျွန်အဲလက်စ်နှင့်ဟေးရန်အပြင် မည်သူမှရှိမနေတော့။ ဂျွန်သည်တရုတ်ပြည်ဖွားနိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီး သူ့အမေဆုံးပြီးကတည်းကမိခင်၏ဇာတိမြေဖြစ်တဲ့တရုတ်မှာပဲ ပြောင်းရွှေ့အခြေချဖို့ဆုံးဖြတ်လိုက်ခြင်း။ ထို့အပြင်ဂျွန်သည်ဝူရှဲ့တို့မြို့ရှိ ဟေးရန်သွားနေကျClubပိုင်ရှင်ဒေးဗစ်အဲလက်စ်နှင့် တူဝရီးတော်စပ်သည်လေ။
ဒေးဗစ်နှင့်ဟေးရန်သည်ဟိုးအရင်ကတည်းက ပေါင်းမိခဲ့ကြသည့်သူငယ်ချင်းတွေဖြစ်ပြီး ဒီရောက်မှဆုံကြခြင်းမဟုတ်။ လေးစားအားကျရသူအဖြစ်ခံယူထားသောသူ့ဦးလေးဂျွန်အကြောင်းကို စကားပြောတိုင်းမပါရင်မပြီးသောဒေးဗစ်ကြောင့် ဟေးရန်နာမည်နှင့်ပင်ရင်းနှီးနေတာအတော်ကြာခဲ့ပြီ..။ လူချင်းတွေ့ဖူးချင်သော်လည်းယခုမှအခွင့်အရေးရသည်ဟုဆိုရမည်။
ယခုလဲဟေးရန်အတွက်စောင်နှင့်ခေါင်းအုံးများသယ်လာကာ သူ့အခန်းတွင်းမှထွက်လာသောဂျွန်ကိုစကားစလိုက်ခြင်း။ ဂျွန်၏ဆိုင်လေးသည်အတန်မျှကျယ်ဝန်းသော်လည်း လူစည်ကားသောဆိုင်ကြီးကနားကြီးမဟုတ်ပါ။ ဒီအတိုင်းခပ်ငြိမ့်ငြိမ့်ခံစားချက်လေးနှင့် တစ်ယောက်တည်းအထီးကျန်ကျန်အရက်လာသောက်ရန် သင့်တော်လွန်းသောBarလေးတစ်ခုပဲဖြစ်လေသည်။ ထို့အပြင်ဝန်ထမ်းလဲများများမထားဘဲ အချိန်ပိုင်းလေးသာခန့်ပြီး အစစအရာရာသူပဲဦးဆောင်တာဝန်ယူထားသည်လေ။
YOU ARE READING
ကျွန်တော် မြတ်နိုးရသော
Fanfictionအရာအားလုံးပြီးပြည့်စုံနေတဲ့သူလို့ ကျွန်တော်ထင်နေတဲ့ Zhang Qiling အမြဲလိုလို ကံဆိုးနေတတ်တဲ့ ကျွန်တော့် နာမည်က Wu Xieလေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဆက်နွယ်နေလဲတော့ ကျွန်တော် မသိဘူး ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော် လျှာရှည်မိတဲ့ ကိစ္စတ...