(Ch-7) /U+Z/

559 71 29
                                    

"အစ်ကိုလေး....!"

ရုတ်တရက်ဝူရှဲ့ခေါ်လိုက်တဲ့အသံကြောင့် ကျွန်တော်သူ့ဘက်ကိုလှည့်ကြည့်လိုက်မိသည်။ သူကကျွန်တော့်ဆီပြေးလာနေပြီး ကျွန်တော်ကလည်း နားမလည်စွာသုံးစက္ကန့်လောက်ပြန်ရပ်ကြည့်နေမိသည်..။

"ဗွမ်း....!!!!"

လျှပ်တပြက်ဖြစ်သွားတဲ့အခိုက်တန့်ကြောင့် အနှေးကွက်ပြသလိုမြင်နေရသည်..။ ဝူရှဲ့ကကျွန်တော်နားရောက်လာပြီး လက်နဲ့အားကုန်တွန်းလိုက်သည်..။ မထင်မှတ်ထားတဲ့အပြုမူကြောင့် ကျွန်တော်လည်း အနောက်ဘက်ကိုယိုင်သွားတုန်း..အချိန်ခဏလေးအတွင်းမှာပဲ ဝူရှဲ့ပေါ်ကိုရေတွေကျလာတော့သည်..။

ချက်ချင်းအပေါ်ကိုမော့ကြည့်မိလိုက်တော့ ထော်ဖန်ကိုတွေ့ရသည်..။ သူ့ကိုကျွန်တော်မှတ်မိသည်.. ရှောင်းစစ်နှင့်ပြဿနာဖြစ်သည့်တစ်ယောက်..။ အခုအခြေနေကိုနားလည်ဖို့ ကျွန်တော်အချိန်အများကြီးမယူလိုက်ရ.. ဒါပေမယ့် ဝူရှဲ့...။ ဝူရှဲ့ကိုကျွန်တော်လှမ်းကြည့်လိုက်တဲ့အချိန်မှာဘဲ ကျွန်တော်တစ်ခါမှမခံစားဖူးတဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခုက ကျွန်တော့်ရင်ထဲဖြတ်ပြေးသွားသည်..။ ဘာခံစားချက်လဲဆိုတာ အဖြေထုတ်နေဖို့ ကျွန်တော့်မှာအချိန်မရှိ...။

"Wu Xie..!"

ရေပုံးကသိပ်မကြီးတာကြောင့် ကျလာမယ့်ရေအရှိန်ကလည်း သိပ်မပြင်းဘူးလို့တွက်ထားမိတာ ကျွန်တော့်အမှား..။ အခုတော့တစ်ကိုယ်လုံးစိုရွှဲပြီးရစရာကိုမရှိတော့တဲ့အပြင် ကျွန်တော့်မျက်မှန်ပါ ဘယ်နားကျလို့ကျသွားမှန်းမသိ..။

အစထဲကမအီမသာဖြစ်နေတဲ့ခန္ဓာကိုယ်က မတ်တပ်ရပ်မထားနိုင်လောက်အောင်ဖြစ်လာပြီး မူးဝေလာတဲ့ခေါင်းကြောင့် ကျွန်တော့်အမြင်အာရုံတွေဝေဝါးလာသည်..။ ယိုင်နဲ့လာတဲ့ကိုယ်ကိုထိန်းဖို့အတွက် ဘေးနံရံကိုလက်ဖြင့်ထောက်ရင်း မျက်နှာပေါ်ရှိရေတွေကို ကျန်တစ်ဖက်လက်ဖြင့်သပ်ချမိသည်..။ ခေါင်းကိုခါယမ်းပြီးသည့်တိုင် ရေတွေကကျန်နေတုန်း...။

ဘေးနားကခေါ်သံလိုလို ဝိုးတဝါးအသံတွေကြားနေရသည်.. ဒါအစ်ကိုလေးအသံလား..။ နားတွေပါအူနေတာကြောင့် ဘာပြောနေလဲသေချာမကြားရ...။ နံရံကိုအားပြုထားတဲ့လက်အား ပြန်ချလိုက်ရင်းတည့်တည့်ရပ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာဘဲ.. အရုပ်ကြိုး​​ပြတ်ဖြစ်ကာ.. ကျွန်တော်နှင့်ပတ်ဝန်းကျင် အဆက်သွယ်ပြတ်သွားရတော့သည်..။

ကျွန်တော် မြတ်နိုးရသောWhere stories live. Discover now