(Ch-16) /U+Z/

429 60 29
                                    

"အဘွားကမစိုးရိမ်ရတော့ပါဘူး..။"

အခန်းထဲတစ်ဖန်ပြန်ဝင်လာသောဝူရှဲ့က ရှောင်ဟွားအနားလျှောက်လာရင်းဆိုလိုက်ခြင်း။ ဆေးရုံကုတင်ပေါ်တွင်လဲလျောင်းအိပ်စက်နေပါသော အဘွားဖြစ်သူကိုကြည့်ရသည်မှာ အနည်းငယ်အားနည်းနေဟန်။

ဟေးရန်နှင့်အတူရောက်လာချိန်တွင် ဆရာဝန်ကပင်စစ်ဆေး၍ပြီးနေလေပြီ။ ရှောင်ဟွားကိုမြင်မြင်ချင်းဝူရှဲ့မှာ အဆင်ပြေသွားပြီဟုသာပြောခဲ့ရင်း ဆေးကောင်တာသွားလိုက်ဦးမည်ဟုဆိုကာ အပြေးထွက်သွားခဲ့သည်လေ။

ဖျော့တော့နေသောအဘွားမျက်နှာကို မြင်ရသည်မှာစိတ်မကောင်း။ ငယ်စဥ်ကတည်းကအရေးပါခဲ့သူတစ်ဦးဖြစ်တာကြောင့် အနည်းငယ်မျှပင်မထိခိုက်စေလိုသည်မှာအမှန်။ ရှောင်ဟွားဘဝတွင်အဘွားမရှိလို့မဖြစ်ပေ။

အဘွားဖြစ်သူ၏လက်လေးကိုတယုတယဆုပ်ကိုင်လိုက်ရင်း....

"ဘယ်လိုဖြစ်တာလဲကွာ..။"

ဝမ်းနည်းနေဟန်ရှိသောရှောင်ဟွားကြောင့် ဝူရှဲ့လဲစိတ်မကောင်းဖြစ်ရသည်။ ရှောင်ဟွားအဘွားကိုဝူရှဲ့ကိုယ်တိုင်လည်း ချစ်ခင်ရသည်ပင်။

"ဟင်း... ငါလဲပျင်းတာနဲ့မင်းဆီလာမလို့... အိမ်ထဲလဲရောက်ရော အဘွားကိုခေါ်ကြည့်တာအသံမကြားလို့ မီးဖိုချောင်ကိုသွားကြည့်တော့ ကြမ်းပြင်ပေါ်လဲကျနေတာတွေ့တာပဲ။ ကံကောင်းလို့ပေါ့... တစ်ခုခုနဲ့မရိုက်မိတာ။"

"ငါလဲအိမ်မှာမရှိဘူးလေ။ မင်းကိုဘယ်သူခြံတံခါးဖွင့်ပေးတာလဲ။"

"ကျော်ခွဝင်လာလိုက်တာ...။"

အမှန်တကယ်လည်းကျော်ခွခဲ့ခြင်း။ ဘေးချင်းကပ်နေသောရှောင်ဟွားတို့အိမ်ကို ငယ်ငယ်တည်းကခြံစည်းရိုးကျော်ပြီးဝင်တတ်တာအကျင့်တစ်ခုလို။ ရှောင်ဟွားကသိ၍တားတာကြောင့် အရှေ့အပေါက်ကသာပြောင်းဝင်ခဲ့သော်လည်း အကျင့်ကတော့မပျောက်ချင်တာကြောင့် လစ်ရင်လစ်သလိုကျော်ခွဝင်ခဲ့သည်ပင်။ အုတ်ခြံစည်းရိုးလေးကလည်း ခပ်နိမ့်နိမ့်လေးရယ်ကိုး။

"သြော်..အေးပါ။ သတိလဲထားဦး.. ကျိုးနေဦးမယ်။"

အကျင့်ကိုကအရင်အတိုင်းပဲဟူသည့် အကြည့်များဖြင့် ရွဲ့သလိုလိုနှင့်စိတ်ပူပေးနေပါသောရှောင်ဟွားကို ဝူရှဲ့မှာပြုံးပြရင်းသာစကားဆိုမိသည်။

ကျွန်တော် မြတ်နိုးရသောWhere stories live. Discover now