(Ch-6) /U+Z/

532 71 15
                                    

"ဟေးရန်.."

ကန်တင်းရှိထောင့်တစ်နေရာမှစားပွဲဝိုင်းတစ်ခုပေါ်တွင် ဆန်ပြုတ်တစ်ပန်းကန်နှင့် စိတ်ပျက်လက်ပျက်ထိုင်နေသောကျွန်တော်..။ ခေါ်သံကြားရာမော့ကြည့်မိတော့ ကျွန်တော်အသံကိုမှတ်မိပေမယ့် တကယ်ပဲသူဖြစ်နေတော့အံ့သြသွားရသည်..။

"ရှောင်ဟွား.. "

သူကကျွန်တော့်ရှေ့ရှိခုံတွင် ဝင်ထိုင်လိုက်ရင်း...

"မင်းမနေ့က အထိုးခံရတယ်ဆို..."

သူကတော့ဘာမှမဖြစ်သလို စကားပြောနေနိုင်ပေမယ့် ကျွန်တော်ကတော့မဝံ့မရဲဖြစ်နေတုန်း...။ သူနဲ့ကျွန်တော်ပြဿနာတက်ထားတာလေ..တကယ်ဆိုသူကျွန်တော့်ကို ဒီလိုဂရုမစိုက်ပေးသင့်ဘူး..

"အာ.. တစ်ချက်ထဲပါ.."

"တစ်ချက်ထဲမလို့ပဲ... မင်းဘာလို့ထော်ဖန်ကိုရန်သွားစရတာလဲ.. ငါအကုန်သိပြီးပြီနော်.. ။"

"အကျင့်ဖြစ်နေလို့.. "

တကယ်တော့ ကျွန်တော်စိတ်ရှုပ်နေခဲ့တာ..

"အပိုတွေ.. မင်းအကြောင်းငါမသိဘူးမှတ်နေလား.. ။ စိတ်ရှုပ်နေတယ် စိတ်ညစ်နေတယ်ဆိုရင်လည်း Clubသွားတာဖြစ်ဖြစ် စာထိုင်လုပ်တာဖြစ်ဖြစ်လုပ်လေ..။ ဘာကိစ္စရန်လိုက်ဖြစ်နေမှာလဲ.. အခုတော့မင်းဆန်ပြုတ်နဲ့နှစ်ပါးသွားနေရပြီမလား..ကောင်းလားအဲ့တော့.. "

ကျွန်တော့်အကြောင်းကို သိနိုင်လွန်းတဲ့ရှောင်ဟွားရယ်ပါ.. ။

"ကောင်းတယ်လို့ပြောတော့ မင်းကယုံမှာလား.."

"မင်းလိုကောင်က နေမကောင်းဖြစ်ရင်တောင် ဆန်ပြုတ်မစားတဲ့ကောင်လေ.. ။ချီးမလို့ငါကယုံစရာလား.."

သူဒေါသထွက်နေသည့်ပုံက ကျွန်တော့်စိတ်ကိုပေါ့ပါးစေသည်.. ။သူ့ဆဲသံလေးတွေမကြားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ..။ ရှောင်ဟွားက တကယ်ကိုတော်သည်.. အခုပဲကြည့်လေ စကားပြောနေရင်းတောင် ကျွန်တော့်စိတ်ကို သက်တောင့်သက်သာဖြစ်စေသည်.. ဘာပြဿနာမှမဖြစ်ထားသလိုပေါ့..။

"ဟားဟား.."

"ရယ်မနေနဲ့.. မင်းဆေးလည်းမသောက်ဘူးမလား.. အေး..ပေနေလိုက်.. ။ အဲ့ပါးစပ်ကမပျောက်ဘဲ ပိုကြာနေလိမ့်မယ်.."

ကျွန်တော် မြတ်နိုးရသောWhere stories live. Discover now