(Ch-9) /U+Z/

362 63 7
                                    

"ရှန်းကော..! ရှန်းကော..! ဘယ်နားမှာလဲ... ရှန်းကော...!!"

ကျယ်ဝန်းလှသည့်ကျန်းအိမ်တော်ဝန်းအတွင်း သစ်ပင်များအုံ့ဆိုင်းနေရာတစ်နေရာမှ ကလေးငယ်တစ်ယောက်၏အော်ခေါ်သံသည် အိမ်တော်ရှိလူများကြားနိုင်ရန်မစွမ်းသာပေ..။

အမှန်တွင်လည်း ထိုကလေးသည်အိမ်တော်ရှိလူများကြားစေရန်မရည်ရွယ်.. ကြားလို့ပင်မဖြစ်ဟုဆိုလျှင်ပိုမှန်ပေမည်။

"ဟင်း.... ရှန်းကောကလဲ အပြင်တောင်ရောက်အောင်မထွက်ရသေးဘူး... ကျနော့်ကိုထားခဲ့ပြီလားမသိ.."
အသံကိုထိန်း၍အော်ခေါ်ပြီးသည့်တိုင် လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ရတာကြောင့် ရှောင်စန်းလေးသည်စိတ်ပျက်လက်ပျက်ညည်းတွားမိခြင်း..။

ယနေ့သည် ကျန်းအိမ်တော်၏အမွေဆက်ခံသူအားအသိပေးကြေညာမည့်နေ့... တစ်နည်း.. ကျန်းမျိုးနွယ်ခေါင်းဆောင်အား အတည်တကျသတ်မှတ်မည့်နေ့ဖြစ်လေသည်..။ အမွေဆက်ခံသူအားဂုဏ်ပြုသည့်ပွဲဖြစ်လေရာ ဖခင်၏ကျန်သားနှစ်ယောက်ဖြစ်သော မိမိနှင့်ကျန်းချီစန်းမှာအရေးတယူအရာပေးခံရခြင်းမရှိနိုင်ဟု ကျန်းချီရှန်းကတထစ်ချယုံကြည်နေပေသည်။

ထို့ကြောင့်ပင်ဤအကြံစည်ကို စဥ်းစားမိခြင်းဖြစ်လေသည်။ ပုံမှန်အချိန်တွင်ပင်ချီရှန်း အနောက်တကောက်ကောက်လိုက်နေတတ်သည့် အငယ်ဆုံးရှောင်စန်းဆိုသည်မှာလဲ သူ့အစ်ကိုမရှိသည့်ဂုဏ်ပြုပွဲအလယ် တစ်ယောက်တည်းအထီးကျန်နေရမည်ကိုလုံးဝအဖြစ်မခံနိုင်..။

အမှန်ဆိုရလျှင် ကျန်းအိမ်တော်မှအရေးကြီးသည့်နေ့တွင်အပြင်သို့ခိုးထွက်ခြင်းအမှုသည်ကား.. အပြစ်ကြီးမားကြောင်းထုတ်ပြောစရာပင်မလို...။
သို့သော်၁၄နှစ်အရွယ်ချီရှန်းအဖို့ ဆယ်ကျော်သက်အရွယ်လေးဖြစ်သည့်အလျောက် အပြစ်ကျူးလွန်ရန်သတ္တိများပေါများလျက်..။ သူကိုယ်တိုင်ပင်ပွဲ၌ရှိမနေချင်သည်ကလဲ အကြောင်းရင်းတစ်ခု..။ သူ့နောက်တွင်အဆစ်ပါသည်က သူနှင့်အသက်ငါးနှစ်ကွာသည့်ပေါက်စပင်..။

မည်သို့ပင်ဂုဏ်ပြုပွဲရှိသည်ဖြစ်စေ... အိမ်တော်၏လုံခြုံရေးမှာလျော့ရဲမသွားသည်မို့ ချီရှန်းနှင့်ရှောင်စန်းပေါက်စတို့မှာလည်း အပြင်ခိုးထွက်ရန်လွယ်ကူနေသည်တော့မဟုတ်..။ ထို့ကြောင့်ပင်ကြေးဂိတ်ရှိအစောင့်အခြေနေကို သွားစစ်ဆေးနေရသည်လေ..။ သွားရောက်စစ်ဆေးသူအစ်ကိုမှာ အချိန်ခဏမျှကြာသည်အထိပေါ်မလာတာကြောင့် ရှောင်စန်းလေးစိတ်ပူနေပြီဖြစ်သည်..။ စောင့်မနေတော့ဘဲအစ်ကို့နောက်လိုက်ရန်ဆုံးဖြတ်ကာ သစ်ပင်တွေကြားတိတ်တဆိတ်ဖြတ်သန်းရင်းအစ်ကို့အားအော်ခေါ်မိခြင်း..။

ကျွန်တော် မြတ်နိုးရသောWhere stories live. Discover now