(Ch-17) /U+Z/

517 60 33
                                    

"ပူလိုက်တဲ့နေ..။"

အချိန်မှာနေ့ခင်း(၁၂)နာရီဖြစ်သည့်အလျောက် ကောင်းကင်ပေါ်ရှိနေမင်းကြီးသည်လည်း ပုံမှန်ထက်ပို၍လောင်မြိုက်လျက်။ ပူအိုက်မှုဒဏ်ကိုမခံနိုင်စွာငြီးငြူလိုက်သည်က နှစ်ယောက်မရှိသောဝူရှဲ့ပင်။ စီးကျလာနေသော နားထင်ပေါ်ရှိချွေးစများကို ခပ်မြန်မြန်ပင်လက်ဖမိုးဖြင့်ဖိသုတ်လိုက်ရင်း ဘေးနားတွင်အကောင်လိုက်ရပ်နေသောဝမ်ဖန့်ကျစ်ဆီ မျက်စောင်းတစ်ချက်ပို့လွှတ်မိသည်။

"အဟဲ.. ဝူရှဲ့လေး.. ပင်ပန်းနေပြီလား။"

"မင်း.... အပိုတွေလုပ်မနေစမ်းနဲ့။ အိမ်လိပ်စာကိုသာအာရုံစိုက်စမ်းပါ။ မြန်မြန်ပြီးချင်နေပြီ။"

"အေးပါကွာ...အေးပါ။ ပြီးရင်ငါမုန့်ဝယ်ကျွေးပါ့မယ်။"

ဒါပါပဲ။ ပူလွန်းတဲ့နေကိုအပြစ်တင်နေမိပေမယ့် အခုဝူရှဲ့ဒီနေရာမှာရှိနေရတဲ့အကြောင်းအရင်းရဲ့တကယ့်တရားခံက အစားအသောက်ကြောင့်။ ပင်ပန်းရမယ်ဆိုရင်တောင် ငတ်တဲ့စိတ်လေးကပျောက်မသွားတတ်တာမွေးရာပါဗီဇ။

ဟိုတစ်နေ့ကထူးခြားစွာဖုန်းဆက်လာတဲ့ဝတုတ်ဖန့်ကျစ်။ သူ့ကိုလဲသတိရနေမိတာကြောင့် ငါ့များလွမ်းလို့လားဟူသည့်အလွန်မဖြစ်နိုင်သောအတွေးစလေးကို ဆုပ်ကိုင်ကာဖုန်းကိုင်လိုက်မိချိန်။ ဆက်သွယ်တော်မူလာရခြင်းအကြောင်းအရင်းမှာ သူအချိန်ပိုင်းဝင်လုပ်ဖြစ်နေသည့်အလုပ်အတွက် အဖော်လိုက်ပေးရန်။

နှစ်ဝက်စာမေးပွဲပြီးကျောင်းပိတ်ရက်တွေဆိုလျှင် ဖန့်ကျစ်ကအချိန်ပိုင်းအလုပ်များဝင်လုပ်တတ်သည်။ အမှန်အတိုင်းပြောရလျှင် ဖန့်ကျစ်သည်သူ့မိသားစုအကြောင်းထုတ်ပြောလေ့မရှိ။ ဝူရှဲ့နှင့်အလွန်ခင်မင်သည်မှာအမှန်ဖြစ်သော်လည်း ဖန့်ကျစ်သည်အိမ်ကိစ္စများဆိုလျှင်အလွန်သိုဝှက်တတ်သည်လေ။ သူ့အကျင့်ကိုကတစ်ပါးသူကိုပဲဦးစားပေးနေတတ်ပြီး သူ့အတွက်ကတော့နောက်ဆုံးမှဖြစ်နေတတ်သည်ကိုး။

အပေါ်ယံကြည့်လျှင် အပျော်အပါးနှင့်အလေလိုက်ရန်သာ စိတ်ဝင်စားဟန်ရှိသော်လည်း တကယ်တမ်းဖန့်ကျစ်သည်ဝူရှဲ့တို့ထဲတွင် အလိမ္မာဆုံးဟုပင်နာမည်တပ်၍ရသည်။ ကျောင်းတွင်လဲဆရာအများစုက ဖန့်ကျစ်ကိုရင်းနှီးနေတတ်ကြပြီး လက်ထောက်အဖြစ်ယုံကြည်ခြင်းခံရတတ်သည်။ ကျောင်းရေးရာကိစ္စတချို့ကို ဦးဆောင်စေလိုတဲ့အထိဖန့်ကျစ်၏သေသပ်တိကျမှုသည် ဆရာတိုင်းကိုစိတ်ကျေနပ်စေတတ်သည်။

ကျွန်တော် မြတ်နိုးရသောWhere stories live. Discover now