(Ch-15) /U+Z/

365 63 16
                                    

"ကျစ်.. ဟေးရန်တစ်ယောက်ကတော့ ဖုန်းလဲမကိုင်ဘူး။"

ငါးခါမြောက်ဖုန်းခေါ်ဆိုမှုအပြီးမှာ ဝူရှဲ့စုတ်သပ်ရင်းဖုန်းကိုစားပွဲပေါ်ပစ်ချမိသည်။ ရှောင်ဟွားအကြောင်းသတင်းပေးရန် ဘေကုန်ခံခေါ်နေရသောမိမိကို ဟေးရန်မှာဖုန်းမဖြေခြင်းဖြင့်ကျေးဇူးဆပ်နေသောကြောင့် ဒေါသကထွက်ချင်နေလေပြီ။

ရေမခြောက်သေးသောကြောင့် စိုစွတ်နေသောဆံပင်များကိုသာ တဘက်ဖြင့်ဖိသုတ်နေလိုက်တော့သည်။ ပြီးပြီးရောအမြန်လုပ်နေလေရာ အိမ်နေရင်းဘောင်းဘီတိုဝတ်ထားသော ဝူရှဲ့၏ပေါင်တံဖြူဖြူများပေါ်သို့ ရေစက်များကခုန်ပေါက်လွင့်စင်နေသလို ဖုန်းမျက်နှာပြင်ပေါ်နှင့်စားပွဲပေါ်ရှိအနက်ရောင်စာအုပ်လေးပေါ်တွင်လဲထိုနည်းလည်းကောင်းပင်။

ဝူရှဲ့အိမ်ပြန်ရောက်တာသုံးရက်လောက်ကြာလေပြီ။ အကျင့်မကောင်းသောဟေးရန်မှာ သူ့အားကျန်းအိမ်တော်တွင်တစ်ညအိပ်စေခဲ့သော်လည်း နောက်နေ့မနက်တွင်တော့စောစီးစွာပင်ဖုန်းဆက်လာခဲ့သည်လေ။ နေ့လယ်ထမင်းစားချိန်အမှီပင် အိမ်သို့အရောက်ပို့ပေးခဲ့ပြီး 'သွားပြီ' တစ်ခွန်းအပြင်အပိုစကားမဆိုဘဲ သူ့စီးတော်ယာဥ်အားအရှိန်တင်ကာထွက်သွားသည့်နေ့ကတည်းက ဝူရှဲ့တို့ထပ်မဆုံဖြစ်ကြသေးပေ။

လိုက်ပို့ပေးသောသူငယ်ချင်းကို အိမ်ထဲခေါ်မလာ၍ အမေဆူတာပင်ခံလိုက်ရသေးသည်။ ဟေးရန်ကိုကြည့်ရသည်မှာ တိတ်ဆိတ်ကာအတွေးများနေပုံကြောင့် ဝူရှဲ့လဲအပြန်လမ်းတွင်စကားမများဖြစ်ဘဲ အိမ်ထဲဝင်ထိုင်ပါဦးဟုလဲမခေါ်ဖြစ်ခဲ့ခြင်း။ ရှောင်ဟွားကိုမေးမြန်းပြီးနောက်နေ့မှသာ ဖုန်းဆက်ပြောလိုက်မည်ဟုကြံရွယ်ထားသော်လည်း ယခုသူကဖုန်းပင်မကိုင်။

ခေါင်းလျှော်ခြင်းအမှုကိုပြုလေတော့ သူ့ခေါင်းလျှော်ရည်နံ့မွှေးလားဟူ၍ မဆီမဆိုင်စွာမေးခွန်းထုတ်ခဲ့ပါသော အစ်ကိုလေးကိုသတိတရဖြစ်မိသည်။ ကားဖြင့်လိုက်ပို့မည်ကိုငြင်းလိုက်တာကြောင့် စိတ်ဆိုးသယောင်ဖြစ်သွားသောကိုယ်တော်သည် မနက်စောစောတွင်လဲထပ်မံအတည်ပြုရန်ဝူရှဲ့ကိုနောက်တစ်ခေါက်မေးခဲ့ပါသေးသည်။

ကျွန်တော် မြတ်နိုးရသောWhere stories live. Discover now