YOUR TITLE HERE 17

2.3K 226 18
                                    

Jennie ရဲ့ စကားကြောင့် Jisoo
နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး jennieရဲ့ ကိုယ်လုံးလေးကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားပေးလိုက်သည် ၊ ဒီစကားတစ်ခွန်းနဲ့တင် ဘယ်စည်းကမ်းချက်ကိုမဆို သူလိုက်နာနိုင်နေပါပြီ ၊ ဒီလိုစကားတတ်တယ့်
ကောင်မလေးဆီက သူဘယ်လိုရှုန်းထွက်နိုင်ပါ့မလဲ

"ငါလည်း..စည်းကမ်းတွေအကုန်လိုက်နာပြီ..နင့်ကို နင်ငါ့ကိုချစ်တာထက် အများကြီး ပိုချစ်သွားမှာပါ "

"အဲ့စကားအတိုင်းတည်ပါ..အမြဲ စောင့်
ကြည့်နေမှာနော် "

ရင်ခွင်ထဲက မကျယ်တကျယ် အသံလေးက Jisooရင်ဘတ်ကို ပေါက်ကွဲသွားစေနိုင်သည်

အိမ်ပြန်လမ်း တစ်လျှောက်လုံး Jisooမှာ
အရှေ့ကို ကြည့်လိုက် သူ့ရဲ့ ပုခုံးလေးပေါ်
ခေါင်းလေး မှီရင်း စကားတွေပြောနေတယ့်
Jennie ကို ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေရသည်

လက်တလောတော့ သူတို့ တွဲနေတာကို Chaeyoung တို့ကို လျှို့ဝှက်ထားမည်ဟုဆုံးဖြတ်ထား​ကြသည် ၊

ပြန်ရောက်တယ့် အခါမှာတော့ ခြံထဲ
ဘယ်သူမှ ရှိမနေ ၊ ဒါ့အပြင် အိမ်အကူ
အချို့က စားထားသောက်ထားတယ်လို့ ထင်ရတယ့် ပန်းကန်တွေကိုပါ သိမ်းဆည်းနေသည် ၊ jisoo တို့လည်း အကုန်လုံး ဘယ်များရောက်နေလည်း စူးစမ်းကြည့်နေတုန်း အိမ်ကြီးထဲမှ Nayeonရဲ့ အဖွားထွက်လာခဲ့သည် ၊

"ကလေးတွေ အကုန်လုံး သောက်ပြီး မူးကုန်ပြီ...အခု အကုန်အိပ်ပျော်ကုန်ပြီကွဲ့"

"မူးတယ်..Chawတို့ အခုမှ အရက်သွားဝယ်လာတာလေ "

"အော်..အဲ့မှာလေ..အိမ်ထဲက ဝိုင်ပုလင်းတွေ သောက်ပြီး မူးကုန်တာ "

အဖွားက သက်ပြင်းချရင်းပြောသည်

ထို့နောက် အဖွားကို နှုတ်ဆက်ပြီး နှစ်ယောက်အတူ
သူတို့ အတွက်ပေးထားတယ့် အိမ်လေးဆီ
လာခဲ့ကြသည် ၊ အကုန်လုံး မူးပြီး အိပ်ပျော်နေကြတယ့် အချိန်မို့ အိမ်က
တိတ်ဆိတ်နေပြန်သည် ၊ ဒါလည်း
သူတို့အတွက် တစ်မျိုးကောင်းတာပဲ

"အခုမှ 9 နာရီပဲရှိသေးတာကို "

Jisoo.. ဝယ်လာတယ့် မုန့်တွေကော
အကုန် မီးဖိုချောင်ထဲ သွားထည့်လိုက်သည်
ပြီးတော့ ဆိုဂျူနဲ့ မ က်ဂျူတွေကို ရေခဲ
သေတာ..ထဲ ထည့်နေသည် ၊ ထိုစဉ် မီးဖိုချောင်ထဲ Jennie မှ အေပရွန် ဝတ်ပြီး ဝင်လာခဲ့သည် ၊ ပြီးတော့ စောနက အပိုဝယ်လာတယ့် အသားထုပ်ကို ထုတ်လိုက်သည်

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now