YOUR TITLE HERE 27

1.9K 200 29
                                    



Jennie က မနက်အစော 5 နာရီလောက်ထဲ
က အိမ်ပြန်သွားပြီဖြစ်သည် ၊

မနေ့ကတစ်နေကုန် Jennie အနားမှာ
ရှိနေခဲ့ရလို့လားမသိပေ..ဒီနေ့ Jennieကို
မတွေ့ရတော့ သိပ်ကိုဟာတာတာ
ဖြစ်ရသည် ၊ မျက်လုံးစဖွင့်ကတည်းက
မနက်စာစားတယ့် အချိန်ထိ Jisooမှာ
တစ်ငိုင်ငိုင်တထွေထွေ


"နင် မယတရူးနေတာတော်လိုက်ပြီ
Kim Jisoo.. ငါမနက်စာကို ကောင်းကောင်း
မွန်မွန်လေး စားချင်တယ် "


သူ့ရှေ့က Jisooက မနက်စာကို
စားချင်သလိုလို မစားချင်သလိုလို
လုပ်နေတာကြောင့် Seulgi မျက်လုံးပင်
နောက်လာသည်.

"ဟူး..ဒီနေ့ Companyသွားရမှာ​တောင်
စိတ်မပါဘူး "

Jisoo သက်ပြင်းတစ်ချက်ချရင်း
လေးပင်စွာနှင့်ပြောလိုက်သည်


"စိတ်မပါရင်မသွားနဲ့...နင့်မယား
Shootingပဲလိုက်သွားလေ "

" Yaaa.. Kang Seulgi..
နင်စကားကို ယဥ်ယဥ်ကျေးကျေးလေး
ပြောပေးလို့မရဘူးလား "


Seulgi သူ့ကို လျှာထုတ်ပြောင်ပြီး
ထမင်းဆက်စားနေလိုက်သည် ၊ Jisoo
ကတော့ ခုံပေါ်မေးထောက်ပြီး
တမှိုင်မှိုင်တထွေထွေ


"မနက်စာစားစမ်းပါ Kim Jisooရာ..
နောက်နေ့ဆိုအရင်တိုင်း..နေသားကျသွား
မှာပေါ့..စား..စား "

နည်းနည်းတောင်မလျော့သေးတယ့်
ထမင်းပန်းကန်ကို Jisoo ရှေ့ထိုးပေးလိုက်သည် ၊


"ဟော....ဟိုမှာ လာပြီ "

Jisoo ခြံရှေ့က ကားကို လက်ညိုးထိုးရင်း​ေပြ​ာလိုက်သည်..


"  သွားတော့လေ...အဲ့ဆိုလည်း
Companyရောက် မှာ အဆင်ပြေသလို
စားပေါ့  "

"Omm ပါ..ညကျမှ တွေ့မယ် "

Seulgi ကို နှုတ်ဆက်ပြီးမှ
အိမ်ထဲကထွက်လာလိုက်သည် ၊
အတွင်းရေးမှူး Lee Naeun ကတော့
ထုံးစံအတိုင်း ခြံရှေ့မှာရပ်စောင့်နေသည်

" ဒီနေ့စောသားပဲ "

Jisoo ကားထဲဝင်ရင်း ပြောလိုက်သည်

"  Driver Kim ငါ့ကို
မနက်စာစားဖို့ဆိုင်တစ်ဆိုင် အရင်ပို့ပေး "

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now