YOUR TITLE HERE 26

2K 207 71
                                    

"ဟဲ့..ဟိုဟာ Kim Jisoo
မဟုတ်လား "

Miyeon လက်ညိုးထိုးရာ ကြည့်လိုက်
တော့ မြင်ရတယ့် မြင်ကွင်းကြောင့်
Naeun ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွား
သည် ၊ Kim Jisoo က ကားပါကင်
ထဲမှာ ကောင်မလေးတစ်ယောက်နှင့်


"ဘေးက...သူ့ချစ်သူထင်တယ်နော်..
မသိရင် အနုပညာရှင်ကြနေတာပဲ..Maskတွေ..ဘာတွေ ကော "

Miyeonကသာ ဘေးနားက
တရစပ်စကားတွေ ပြောနေပေမယ့်
Naeunကတော့ သူတို့ကို သေချာ စိုက်
ကြည့်နေစဲပင် ၊

"ဘာလို့သူဒီရောက်နေရတာလဲ..ညစျေးပတ်ရလောက်အောင် အားနေတာကို
ဘာလို့Company မလာရတာလဲ "

Naeun လေသံခပ်မာမာနှင့် ပြောပြီး
တောက်စ် တစ်ချက်ခေါက်ကာ ခြေထောက်
နှင့် မြေကြီးကို ဆောင့်ချလိုက်သည်

"သူ့ချစ်သူနဲ့..လျှောက်လည်မှာမို့
မလာတာနေမှာပေါ့...ကြည့်ပါအုံး
ဂရုစိုက်ပြနေလိုက်တာ..."

Jisoo က သူ့ကောင်မလေးကို
ကားတံခါးဖွင့်ပေးနေသည်...သူ့ကြည့်
ရတာ ဘယ်လောက်ပျော်ရွှင်နေမှန်း
အဝေးလှမ်းကြည့်တောင် သိသည် ၊
ဒါကို Naeun စိတ်တိုတာ

"အဲ့လောက်ဂရုစိုက်ပြလဲ..ပျက် မှာပဲ.."

ကားပါကင်ကနေ မောင်းထွက်သွားတယ့်
Jisooတို့ကားကို ကြည့်ရင်း Naeun
ခပ်နဲ့နဲ့ ပြောလိုက်သည်...

Miyeon.. ဘေးက
အပူကပ်နေတယ့် ညီမကို မြင်ပြီး သူ
စိတ်မချမ်းသာနိုင်....

"တော်ပြီ..ငါညစျေးပတ်ချင်စိတ်မရှိတော့
ဘူး...ပြန်မယ် "

ပြောရင်းဆိုရင်း နေရာက လှည့်ထွက်
သွားတယ့် Naeun နောက် Miyeon
မပြေးရုံတမယ် လိုက်ရပြန်သည်..

-

"Chu....Nini Guest အဖြစ်ပါထား
တယ့် အစီအစဥ် သစ်ကြည့်ပြီးသွား
ပြီလား "

"အင်း..."

Jisoo ရဲ့ အေးစက်စက် ဖြေသံကို
Jennie သဘောမကျ၍ မျက်နှာကြီး
ချက်ချင်းဆူပုတ်လာသည်

"သေချာလို့လား..."

Jennie လည်း ခပ်အေးအေးသာ
မေးလိုက်သည်

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now