YOUR TITLE HERE 19

2.4K 229 20
                                    

နှစ်ယောက်အတူ Jisooရဲ့
အိမ်ဆီလာခဲ့ကြသည်

သို့သော် နှစ်ယောက်ရဲ့ အထင်နဲ့အမြင်
လုံးဝ ကွဲလွဲခဲ့ရပြန်သည် ၊ အိမ်ရောက်ရင်
တစ်ညလုံးကို သူတို့နှစ်ယောက်ထဲအတူ
ဖြတ်သန်းကြမယ်တွေ့ထားခဲ့ပေမယ့် ၊ အိမ်
ရှေ့ရောက်တာနဲ့ အထင်နဲ့ လက်တွေ့
ကွာုခါးသွားရသည်

နှစ်ယောက်ကားပေါ်ကဆင်းတော့
အိမ်တံခါးကလည်း ပွင့်နေသည် ၊ ဒါ့အပြင်
စကားသံတွေလည်း ကြားနေရသည်

"Chu..အိမ်မှာ လူရှိနေတာလား "

အနောက်ကပါလာတယ့် Jennieမှ
ခပ်တိုးတိုးမေးသည်

"ဒီအချိန်ကြီးမှ ဘယ်သူလဲ...Jeonyeon
တို့လည်း မဟုတ်လောက်ပါဘူး.. "

Jisoo မှာ ရှေ့က တဖြည်းဖြည်းသွား
ပြီး အိမ်ထဲ ဝင်သွားသည် ၊ Jennieကို
တော့ အိမ်ပြင်မှာသာ ခဏနေခိုင်းခဲ့သည်၊

"ကျစ်...ဒီအချိန်ကြီး ဘယ်သူအိမ်ထဲ
ရောက်နေတာလဲ..ငါ သော့သေချာပိတ်ခဲ့ပါတယ်.. "

ပါးစပ်ပကလည်း တတွက်တွက်ပြောရင်း
အိမ်ထဲအရဲစွန့်ဝင်လိုက်သည် ၊

အထဲရောက်ရောက်ချင်း Jisoo
တစ်ယောက် သူမြင်ရတယ့် အရာတွေ
ကြောင့် ပါးစပ်တောင် မပိတ်နိုင်တော့ပေ

"U...unnie..."

သူ့ရှေ့က Sofa ပေါ်မှာ ထိုင်နေတာ
Taeyeon unnieမှ Taeyeon unnie
ပင် ၊ ပြီးတော့ Chaeyoung ၊ Seulgi
နောက်ထပ်

"Yeji နင်တို့ဘယ်လိုလို့..."

Jisoo မှာ သူ့ရှေ့က လူတွေကို
မယုံကြည်နိုင်ခြင်းများစွာနဲ့ ကြည့်ရင်း
မှင်သက်နေရသည် ၊ နိုင်ငံခြားမှာရှိနေရ
မယ့် Unnie နဲ့ Yejiတို့က ဘယ်လိုလို့
အိမ်ကိုရောက်နေရတာလဲ ၊ ပြီးတော့
ဘူဆန်မှာ ရှိနေရမယ့် Seulgi ၊ Chaeyoungကလည်း ဘယ်လိုလို့ ရောက်လာမှန်းမသိပေ

" Superiseလေ..Superise "

Taeyeon unnie မှ ထအော်သည် ၊

" ဒါနဲ့ နင်ဒီအချိန်ကြီး အပြင်ဘာထွက်
လုပ်တာနဲ့..ငါတို့က နင်အိမ်မှာ အိပ်နေမယ်ထင်တာ "

Seulgi ပြောကာမှ Jisooလည်း
အိမ်ရှေ့က Jennieကို သတိရလာပြီး

"ခဏ..ခဏ ငါကားပေါ်မှာ
တစ်ခုခု ကျန်ခဲ့သလိုပဲ "

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now