YOUR TITLE HERE 21

2.2K 219 46
                                    


Jisoo..C.E.Oနဲ့ တွေ့ပြီးတယ့်အချိန်က
စပြီး နှစ်ပတ်လောက်ကြာကြာ Jennieကို အဆက်အသွယ်ဖြတ်ထားသည် ၊ သူ့ဘက်ကလည်း မခေါ်သလို Jennieဆက်ရင်လည်း မကိုင်ပေ ၊ ပြီးတော့ အိမ်ကိုလည်း
မပြန်ပေ ၊ အဲ့တာထက် Seulgiတို့နဲ့​တောင် အဆက်အသွယ်မလုပ်

တကယ်တော့ အဆက်အသွယ်
လုပ်ချင်ပေမယ့် ကိုယ့်ကိုကိုယ်တားနေ
ခဲ့မိတာ....
ကိုယ်ချစ်ရတယ့်သူက ဘယ်လောက်
တဇွတ်ထိုးနိုင်လည်း jisoo သိတယ်..
တဇွတ်ထိုးနိုင်လွန်းပါတယ်ဆိုတယ့် Jisooထက် သူက ပိုတဇွတ်ထိုးနိုင်တယ်

ဒါတွေကြောင့် ကိုယ့်ကိုကိုယ်
တားနေခဲ့ပေမယ့်....

တစ်ဖက် မှာလည်း..

ရုတ်တရက်ကြီး ဘုမသိဘမသိ အဆက်အသွယ်အဖြတ်ခံလိုက်ရတယ့် အပြင် အလုပ်ထွက်သွားတယ်ပါ
သိလိုက်ရတယ့် Jennie မှာတော့
အိမ်မ က်ပဲမ က်နေသလိုလို...

တစ်ယောက်တည်းရှိနေချိန်တွေဆို တစ်ချိန်လုံးငိုနေရတော့သည် ၊ အခုအချိန်က သူတို့အတွက် အလုပ်အရမ်းရှုပ်တယ့် အချိန်ဆိုပေမယ့် Jennieမှာ
စိတ်နဲ့ကိုယ်မဲ့ မကပ်ပဲ အမြဲတမ်း
နေမကောင်း ဖြစ်နေတာကြောင့် Scheduleတွေ
ခဏနားထားရသည် ၊

Chaeyoung နဲ့ Nayeonနဲ့ကတော့ အဖွဲ့လိုက် Sechduleတွေကို နားထားတာကြောင့် အဖွဲ့လိုက် မဟုတ်တယ့် Scheduleတွေကို ဖိလုပ်နေရသည်

"Jennie....မသက်သာသေးဘူးလား
ဆေးရုံသွားမလား..နင့်ကြည့်ရတာ Stress တွေအတော်ပိနေပုံပဲ "

မန်နေဂျာ Unnieက သူယူလာတယ့်
ဆန်ပြုတ်ပန်းကန်ကို Jennie ရဲ့ ဘေးက
စားပွဲမှာ တင်ပြီး Sofaမှာ ဝင်ထိုင်လိုက်သည် ၊ Jennieကတော့ စိတ်လွတ်နေတယ့် လူတစ်ယောက်အတိုင်း မျက်နှာကျက်ကြီးကိုသာ ငေးကြည့်နေသည်

"Jisooကလည်း..ဘာလို့ ရုတ်တရက်
ကြီးအလုပ်ထွက်သွားလည်း မသိဘူး..သူ
မရှိတော့ အမြဲပျင်းခြောက်ခြောက်နဲ့ "

မန်နေဂျာ Unnie ပြောနေတယ့်ထဲ
Jisooဆိုတယ့် နမည်လေးပါလာတာ
ကြောင့် Jennieကိုယ့်ကိုကိုယ်တောင် မသိလိုက်ဘဲ မျက်ရည်လေးတွေ
ကျလာပြန်သည် ၊

ဒီတိုင်း ရင်းနှီးတယ့် သူတွေတောင်
သူမရှိတော့ ပျင်းခြောက်ခြောက်ဖြစ်နေရင်
သူ့ရဲ့ ချစ်သူဖြစ်တယ့်
Jennieကကော ဘယ်လို
ခံစားနေရမလဲ..

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now