YOUR TITLE HERE 39

2.1K 187 44
                                    

ညနေကျရင် တည်းနေကျ Hotel
ပြန်ကြမယ်လို့ ဆုံးဖြတ်ထားပေမယ့်လည်း
အခုတော့ ဘေးနားကအမူးသမားလေး
ကြောင့် ဘယ်လိုမှပြန်လို့ရမှာမဟုတ်တော့
ပေ ။

နှစ်ယောက်အတူ မုန့်စားနေရင်းမှ
ရုတ်တရက်ကြီး Jisooရဲ့ မိတ်ဆွေနှင့်
တွေ့ပြီး စကားကောင်းသွားတာမို့ အနားက
Jennieမှာ သူ့ကိုပစ်ထားတယ်ဆိုပြီး
စိတ်ကောက်ကောက်နှင့် Jisooကိုရွဲ့ကာ
ဝိုင်တွေ တရစပ်သောက်ပစ်လိုက်ခြင်း
ုဖစ်သည် ။

အမူးသမားလေးက အငြိမ်မနေပဲ
jisoo ကို ပွစိပွစိပြောလိုက် လက်ကအငြိမ်
မနေပဲ ဆွဲစိတ်လိုက်လုပ်နေတာကြောင့်
jisooမှာ စိတ်ညစ်ညစ်နဲ့ ကားကို
လမ်းဘေးချရပ်ရလိုက်သည် ။

" တကယ်ပါပဲ...မူးရင်လည်း
အိပ်နေပါတော့လား...."

jisoo လည်း Jennie ရဲ့ နဖူးပေါ်က
ေချွးစလေးတွေ သုတ်ပေးရင်းပြောလိုက်
သည် ၊ ကားထဲ အဲယားကွန်းလည်း
ဖွင့်ထားပေးတာကိုတောင် အမူးသမားလေးက ချွေးစတွေထွက်နေသေးသည် ။

Jennie မှာလည်း မူးနေတာကြောင့်
သူ့ရှေ့က လူကိုတောင် ဘယ်သူလည်း
မမှတ်မိတော့ပေ ။

" Oops...ချောလိုက်တာ.....ဒါနဲ့
ရည်းစားရှိလားဟင်..."

မူးမူးရူးရူးနဲ့ လျှောက်ပြောနေသည့်
Jennie အား Jisoo မှာ ရယ်ရခက်ငိုရခက်သာ...

" မေးနေတယ်လေ...ရည်းစားရှိလားလို့..."

" nae. ..ရှိပါတယ်..."

ထိုအခါ Jennie မှာအလိုမကျသည့်
မျက်နှာထားနှင့်...


" ငါ့မှာလည်း ရှိတယ်..
ငါ့ရည်းစားကလေ ငါ့ကိုအရမ်းဂရုစိုက်တာ...
အရမ်းလည်းသဘောကောင်းတာသိလား..
ဘယ်သူလည်းဆိုတာ နင်ပြောလည်း
သိမှာမဟုတ်ပါဘူး....ဝါးးးး "


ရည်းစားအကြောင်း ကြွားပြီးတာနှင့်
ခေါင်းငိုင်ငိုင်စိုက်ကျကာ အိပ်ပျော်သွား
သည့် Jennie အားကြည့်ရင်း jisoo
မှာ ကြည်နူးမဆုံးဖြစ်နေရသည် ။

••••••••••••

Taeyeon unnie ရဲ့ လက်ထပ်ပဲွဲပြီးတာနှင့်
Jisoo ဟာ နောက်တစ်ရက်တောင်
မနေတော့ဘဲ ချက်ချင်း Korea ကို ပြန်
လာသည် ၊ အရင် တပတ်ထဲက Jennie
က သူ့အလုပ်ကိစ..တွေ ပြီးသွားတာကြောင့်
အရင်ပြန်နှင့်သွားသည် ၊ ဒါကြောင့်
Jisoo မှာ Korea က ချစ်သူလေးကို
အတော်လေးလွမ်းနေပြီဖြစ်တာကြောင့်
အမြန်ပြန်လာခဲ့ရသည် ။

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now