YOUR TITLE HERE 18

2.4K 216 15
                                    


အိမ်ပြန်ရောက်တာနဲ့ တခြားသူတွေ
မမြင်ခင် တန်း Jennie ရဲ့အခန်းထဲ
အပြေးသွားရသည် ၊ အခန်းရောက်တော့
သူ့ကို ကျောပေးပြီး ထိုင်ခုံပေါ်ထိုင်နေတယ့်
ကောင်မလေးကြောင့် ပြုံးလိုက် မိပြီး တံခါးကို Lockချပိတ်လိုက်သည် ၊ ကြည့်ရတာ ဘယ်ကနေဘယ်လိုတောင် စပြီး
ချော့ရမလဲ မသိတော့ပါ

"Jennie....ငါလာပြီ  "

မကျယ်တကျယ်အသံလေးနဲ့ ပြောရင်း
ဘေးခုံဝင်ထိုင်လိုက်သည် ၊ သူဝင်ထိုင်လိုက်တယ်ဆိုပဲ တဖက်လှည့်သွား ပြန်တယ့် Jennie ကြောင့် သူပါ နောက်တစ်ဖက် ပြောင်းထိုင်လိုက်ရသည်

"Miyannae...ချက်ချင်းလာချော့ဖို့
လုပ်ပေမယ့် Nayeonတို့က ဈေးဝယ်သွားဖို့အတင်းခေါ်သွားလို့ပါ

ငါက သူ့တို့ရဲ့ Bodyguard ဆိုတော့
သူတို့အပြင်သွားတိုင်း လိုက်ပေးမြှဖစ်မှာလေ

သူတို့ကလည်း ငါဘာမှ အပြင်ထွက်လို့
ရမှာ "

" အဲ့တာကို ထားလိုက် ငါအခုဖြစ်နေတာ

ကားပေါ်က ကိစ..အတွက် ဘာလို့ သူက နင့်ပုခုံးပေါ်မှီပြီး အိပ်နေရတာလဲ..

မသိရင် နင်တို့နှစ်ယောက်က သမီးရည်းစားတွေကျနေတာပဲ ပြီးတော့ Coat...

Coatက ခြုံပေးထားလိုက်သေးတယ်..ငါလည်း အတူတူ အေးနေတာပါပဲ

ဘာလို့ ငါ့ကိုကျတော့ မခြုံပေးဘဲ သူ့ကို
ခြုံပေးရတာလဲ "

Jennie ရဲ့စကားတွေကို ဘယ်ကစရှင်း
ပြရမလဲ မသိတာကြောင့် အဖြေရှာနေရသည် ၊ တစ်ဆက်တည်း သူပြောနေတာတွေကိုလည်း ခေါင်းငုံ့ခံနေရသည် ၊ ဒါဟာ
သူငယ်ချင်းတွေအပေါ် ၊ Suho oppa နဲ့ Taeyeon unnie အပေါ် အနိုင်ကျင့် ခဲ့သမျှ ပြန်ဝဋ်လည်နေတာလား မပြောတတ်ပေ

" မနေ့က ပြောတော့ ငါ့စကားနားထောင်
ပါမယ်ဆို...အခုကျတော့ တလွဲစီပဲ "

သက်ပြင်းတချချနဲ့ ပြောနေတယ့်
Jennie ကြောင့် Jisooမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည် ၊

"Kiyarwor "

ထိုစကားကို Jisoo စိတ်ထဲကသာ
တွေးလိုက်တယ် ထင်ပေမယ့် ပါးစပ်ကပါ
ခပ်တိုးတိုး ထွက်သွားမိသည် ၊ ကံကဆိုးချင်တော့ အရှေ့က ဒေါသတစ်ထောင်းထောင်းထွက်နေတယ့် Jennieက
သူ့စကားကို ကြားသွားတယ့်ပုံပင်

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now