YOUR TITLE HERE 41 (Final)

4.6K 261 31
                                    


" သူများချစ်သူရဲ့ နှုတ်ခမ်းကို အရှက် မရှိ
ဘာလုပ်တာလဲ!!! "

အခန်းဝက စူးစူးဝါးဝါး အော်သံကြောင့်
Naeun လှည့်ကြည့်လိုက်တော့ သူ့ဆီကို
ပြေးဝင်လာသည့် Jennie

Jisoo ဟာတော့ ' မထင်မလွှဲပါနဲ့ ' ဆိုတယ့်
မျက်ဝန်းတွေနဲ့သာ ကြည့်ရင်း ခေါင်းတခါခါ ၊
သို့ပေမယ့် Jennie ဟာ သူ့ကို ကြည့်မနေခဲ့ပါ
သူ့ရဲ့ ဒေါသမီးအကြည့်တွေ ဟာ Naeun ဆီ
အပြေးဝင်လာသည်

* ဝုန်း! *

Naeun အား Jennie ပြေးဆောင့်သည့်
အရှိန်ကြောင့် Naeun ၏ ကိုယ်လုံးမှာ
ကြမ်းပြင်ပေါ် နာနာကျင်ကျင်နှင့်ကို
လဲကျသွားသည် ၊ သို့ပေမယ့် သူ့အပေါ်
တက်ခွထားသည့် Jennie ကြောင့် Naeun
ပြန်မထနိုင်ခဲ့ပါ

ဒါကြောင့် ဘေးနားက Jisoo ကို အကူအညီ
ရလိုရငှားလှမ်းငေးကြည့်တော့ Jisoo
ဟာ သူ့ကို အသက် မဲ့တယ့်
မျက်ဝန်းတွေနဲ့ ကြည့်နေသည်

" အစကတည်းက  နင့်စောက်ကျင့်က နင့်$ခွက်
မှာပေါ်နေပြီးသားပဲ Lee Naeun!! ငါရိပ်မိသား
ပဲ နင့်က ဒီလို စနိုက်ကျော်မဆိုတာကို "

* ဖျန်း *

Jennie ဟာ Naeun ၏ ပါးကို
အားပါပါနှင့် ဘယ်ပြန်ညာပြန် ချကာမှ
Jisoo ရပ်နေရာက သတိဝင်လာပြီး Naeun
အပေါ်မှ Jennie ကို ဆွဲခေါ်ရသည် ၊ သို့ပေမယ့်
ဒေါသစိတ်ထိန်းမရတယ့် Jennie ဟာ
Jisoo ဆီက ရုန်းထွက်ပြီး ထထွက်သွားဖို့
ပြင်နေတယ့် Naeun ကို ဆံပင်ကနေဆဲွဲပြီး
ပါးကို ဘယ်ပြန်ညာပြန် ထပ်ရိုက်ပြန်သည်


" Kim Jennie တော်တော့လို့
ငါ့ပြောနေတယ်လေ! "

" ဟင့်အင်း...ဒီလိုကောင်မမျိုးက အဝဆုံးမမှ
သူများချစ်သူ အနားမကပ်ရဲမှာ "

" Chu သူ့ကို အလုပ်ထုပ်လိုက်ပြီ
ဒါကြောင့် ဒေါသမထွက်ဘဲ စိတ်ကို လျော့ပါနော်
လက်ကို လွှတ်လိုက်ပါတော့..."

ဒေါသကြောင့် တဆတ်ဆတ်တုန်နေတယ့်
Jennie ၏ လက်လေးကို Jisoo ဟာ
တယုတက ဆုပ်ကိုင်လိုက်သည် ၊ အဲ့အခါမှ
Jennie ရဲ့ ဒေါသတွေဟာ အနည်းငယ်
ပြိုကျသွားပုံပေါ်သည်

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now