YOUR TITLE HERE 37

2.6K 206 73
                                    

jisoo သူ့ရဲ့ ပုခုံးပေါ် အိပ်ပျော်နေ
တယ့် jennie ရဲ့ ဝင်သက်ထွက်သက်
တွေက လည်ပင်းကို လာရိုက်ခတ်
နေတာကြောင့် အတော်လေး
နေရခတ်နေသည် ၊ တစ်ခွက်နှစ်ခွက်
သောက်ပြီး Gameဆော့မယ်ရှိသေး
တန်းအိပ်ပျော်သွားသည် ၊ ပုခုံးပေါ်က
အိပ်ပျော်နေတယ့် jennie ကို
တစ်ချက်ကြည့်လိုက် ၊ အရှေ့
တည့်တည့်က Tv gameကို တစ်ချက်
ကြည့်လိုက်နှင့် သူအလုပ်များနေရသည် ။

ရုတ်တရက် ပုခုံးပေါ်ကနေ
သူ့ရင်ခွင်ထဲထိ တိုးဝင်လာတယ့်
jennie ကြောင့် လက်ထဲက ကိုင်ထား
တယ့် Tv game စက်ပင် လွှတ်ခနဲ
ချမိသွားသည်  ၊ jennie ရဲ့
နှုတ်ခမ်းဖူးဖူးလေးပေါ်က ဝိုင်နံ့သင်းသင်း
လေးက သူ့ကိုအတော်လေး
ချွေးစောပြန်စေသည် ၊ ဘယ်လိုလို့
ရည်းစားဟောင်းရဲ့ အခန်းထဲကိုမှ
ဒီလိုစိတ်လွှတ်လက်လွှတ်လာအိပ်
ရဲတာပါလိမ့်...၊ သူ့စိတ်ရှိအတိုင်းဆို
ခတ်တော့မည် ။

အနားက ဖုန်းမြည်သံကြောင့်
အိပ်ပျော်နေတယ့် jennie လှုပ်လှုပ်
ရွရွဖြစ်သွားသည် ၊ သို့ပေမယ့်
မနိုးသေးပါ ၊ ထိုနေရာကနေပင်
စားပွဲပေါ်က ဖုန်းကို ကြည့်လိုက်တော့
Seulgi ဖြစ်နေသည် ၊ ဒါကြောင့်
မကိုင်လိုက်ပေ ၊ ဖုန်းပြန်ကျသွားတာနဲ့
နောက်ထပ် ထပ်မဆက်နိုင်အောင်
ဖုန်းကို ပိတ်မို့ မလှမ်းမကမ်းစားပွဲပေါ်က
ဖုန်းကို လက်လှမ်းယူတုန်း..
jennie က သူ့လက်ပင်းကို
လက်နှင့် သိုင်းဖက်ကာ မျက်နှာအနားအထိ
ဆွဲချလိုက်သည် ၊ ကြည့်ရတာ
အိမ်မ က်ယောင်နေတာ ုဖစ်လိမ့်မည် ။

နီးကပ်လွန်းတယ့် မျက်နှာနှစ်ခုအပြင်
ပိုနီးကပ်လာတယ့် jennieရဲ့
အသက်ရှူသံ ခပ်သဲ့သဲ့ကြောင့် jisoo
မလုံမလဲတွေ ဖြစ်နေရသည် ၊
ခပ်ဖူးဖူး နှုတ်ခမ်းလေးကြောင့် တံတွေး
မြိုချရပေါင်း မနည်းတော့ပါ ၊

သူ့စိတ်ကို ကြိုးစားထိန်းကာ
တစ်ဖက်လက်ကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားမိသည် ၊ ဒါပေမယ့်
ဘယ်အချိန်ဖြစ်ဖြစ် ဆွဲဆောင်မှုရှိနေတယ့်
jennieက သူ့ကိုအမြဲတမ်း စိတ်
မထိန်းနိုင်အောင်လုပ်သည် ။

နှုတ်ခမ်းနှစ်ခု ခပ်နွေးနွေးထိသွားချိန်
အထိ jisoo အသိစိတ်မရသေးပါ ၊
ထပ်ပြီး ဖိကပ်ထားမိသည် ၊ ဖိရုံလေးဖိ
ကပ်ထားပေမယ့် တဖက်က စလာတယ့်
အနမ်းတွေကြောင့် jisoo ကြောင်ခနဲ
ဖြစ်သွားမိသည် ၊ ဒါကြောင့်
ချက်ချင်းခွာကာ jennie ကိုကြည့်တော့
သူ့ကို ပြူးကြောင်ကြောင်နှင့်
ကြည့်နေသည် ၊ တစက်လေးမှတောင်
မူးနေပုံမရ

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now