YOUR TITLE HERE 35

2K 197 27
                                    



Hotel သို့ရောက်သော်
မျှော်လင့်ထားသလို jisooက
​ေစာင့်မနေတာကြောင့် တစ်ချက် စိတ်
ပျက်သွားမိသည် ၊
အင်းလေ... jisooကအလုပ်လက် မဲ့
မှမဟုတ်တာ ဘယ်လိုလို့သူ့ကို
အားအားယားယား လာစောင့်နေနိုင်ပါ့
မလဲ

ကောင်တာက အခန်းသော့ကို
ယူကာ အခန်းဘက်လျှောက်လာရင်း
တိုက်တိုက်ဆိုင်ဆိုင် လူတစ်ယောက်နှင့်
စကားပြောနေသည့် jisooအား
တွေ့သည်
အလုပ်လုပ်နေရင် အရမ်းကြည့်ကောင်း
သော Kim Jisooပါပဲ
တဖက်လူကို တည်တည်ငြိမ်ငြိမ်နဲ့
စကားပြောနေတယ့် ပုံစံက အရမ်းကို
ကြည့်ကောင်းပြီး ဆွဲဆောင်မှု ရှိလွန်း
လှသည်


ဘယ်လောက်အထိ ငေးမိသွားလည်း
မသိပါ သူ့ဆီ jisooလျှောက်လာတာ
တောင် သတိမထားမိဘဲ ငေး
နေမိသည်


" hey..Jennie.. ရောက်ပြီပေါ့ "

Jisoo က သူ့ရှေ့တည့်တည့်
ရပ်လိုက်ရင်း ဆိုလာသည်
အခုအချိန်ထိ ဘာစကားမှ ပြန်မပြော
မိသေးဘဲ ငေးနေမိသည်

အနီးကပ်ကြည့်လေ ချောလေပဲ

" အသက်ကော ရှိသေးရဲ့လား "

ထိုအခါမှ Jennie သတိပြန်ဝင်လာ
သည် ပြီးတော့ အရှေ့က jisooကို
မျက်ခုံးတွေ တွန့်ချိုးကာကြည့်လိုက်ရင်း

" သေနေတယ်ထင်လို့လား "

" အဲ့..အဲ့လို မဟုတ်ပါဘူး..
ငါက နောက်တာပါ "


ထိုအခါမှ Jennie ပြုံးမိသွားသည်
တမင်သက်သက် စချင်စိတ်ပေါ်လာလို့
စလိုက်တာကို ပြာပြာသလဲ ဖြစ်နေတယ့်
Jisoo ကြောင့် သဘောကျလို့
မဆုံး ုပုံးနေမိသည်


" သိပါတယ်.. ၊ ဒါနဲ့ နင်အလုပ်ရှုပ်နေ
တာလား "


" ဟင့်အင်း..ဒီနေ့ လုပ်စရာတောင်
မရှိဘူးလေ.."


" အင်း...ငါတော့ ခရီးပန်းလာလို့
နားရတော့မယ်ထင်တယ်..လေယာဥ်စီး
ရတာ အရမ်းပင်ပန်းတယ် "


ဇတ်ကို ဘယ်ညာချိုးပြရင်း
ပြောနေတယ့် Jennieကြောင့် တစ်ချက်
ရယ်လိုက်ပြီး


" ထိုင်ခုံလေးပေါ် အငြိမ့်သားထိုင်ရင်း
စီးလာရတာလေ..ဘာကိုပင်ပန်းတာလဲ
လေယာဥ်ကို ရွက်ပြီး လာရတာလည်း
မဟုတ်ဘဲနဲ့ "


𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now