Part-20 ( 👨‍❤️‍💋‍👨)

9.1K 609 27
                                    

ကျွန်တော်တို့တွဲနေကြောင်း ဟျောင်းတွေဆီမှာ ဝန်ခံခဲ့တယ်...ဟျောင်းတွေကလည်း အငယ်လေးနှစ်ယောက်ကိုသိပ်ချစ်ကြတာမလို့ လက်ခံပေးခဲ့ကြတယ်လေ..ဂျီမင်းဟျောင်း ဝမ်းနည်းနေတာကလွဲလို့ အကုန်အဆင်ပြေပါတယ်..

PD ကိုလည်းပြောခဲ့တယ်..PD က လူမထိခိုက်ရင်ရပြီတဲ့ ဒါပေမယ့် Secret Love လိုမျိုးပဲနေပါတဲ့လေ...ကျွန်တော်တို့လည်းသဘောတူခဲ့တယ်..

အခုဆို ကျွန်တော်တို့တွဲနေတာတစ်လကျော်ပြီ ...အချစ်နဲ့ဖြတ်သန်းရတဲ့နေ့ရက်တိုင်းက ပျော်စရာအတိနဲ့ပေါ့..

ဂျောင်ကုကအချစ်ကိုဖော်ပြပြီးချစ်တတ်တဲ့အကျင့်ရှိသည်..ထယ်ယောင်းကတော့ အမူအရာတွေနဲ့ဖော်မပြပေမယ့် ရင်ထဲမှာတော့ ဂျောင်ကုထက်မလျော့ခဲ့ပေ..

ဂျောင်ကုက Taekooker လို့ခေါ်တဲ့ Taekook Shipper တွေအတွက် အမြဲအရိက်အမြွတ်တွေပေးခဲ့တာချည်းပင်..

စင်ပေါ်မှာဖျော်ဖြေရင်း ထယ်ယောင်းကိုငေးတတ်တာမျိုး...သီချင်းစာသားနဲ့ သူတို့နှစ်ယောက်တိုက်ဆိုင်ရင် ထယ်ယောင်းကိုလက်ညိုးလေးထိုးပြတာမျိုး..အကကရင်း မသိမသာခါးဖက်တာမျိုး...ထယ်ယောင်းကို ဂုတ်ပေါ်တက်ထားစေပြီး ချီပိုးတာမျိုးတွေ အမျိုးမျိုးဂရုစိုက်တတ်သည်..

မသိမသာ Love Sign တွေလည်းလုပ်ပြတတ်သေးသည်...Interview တွေဆိုရင်လည်း ခေါင်းကထယ်ယောင်းဘက်ချည်းသာစောင်းတတ်သည်..

ထယ်ယောင်းလေးစိတ်မပျော်လို့ငြိမ်နေရင်လည်း ဟာသတွေပြောပြီးစတတ်သေးသည်...Game တွေဆော့ရင်လည်း ထယ်ယောင်းမှားမှားမှန်မှန်ထောက်ခံတတ်သည်..ထယ်ယောင်းဘာလုပ်လုပ် အားပေးတတ်သေးသည်...

အစပ်မစားနိုင်လို့ အစားအစာကိုအရင်မြည်းပြီး စပ်မစပ်ပြောပြတတ်သေးသည်...Airport တွေဆိုလည်း ထယ်ယောင်းကိုစောင့်ခေါ်သည်...

မသိမသာခေါင်းလုံးလုံးလေးကိုလည်းနမ်းတတ်သည်..ဂျွန်ဂျောင်ကုတို့ Ro နည်းအဖုံဖုံပါလေ...

IG က လျှို့ဝှက် Acc လေးမှာလည်း ထယ်ယောင်းအတွက်ရည်ရွယ်တဲ့ စာသားတွေ ဓာတ်ပုံတွေတင်တတ်သေးသည်...

တစ်ခုခုဆိုပြခိုင်းရင် တိုက်ဆိုင်တဲ့သီချင်းကိုတမင်ဆိုကာ ထယ်ယောင်းကိုပြုံးကြည့်တတ်သည်...ဟျောင်းတွေကအကုန်သိနေတာကြောင့် သူတို့ကိုမနိုင်လို့ လွှတ်ထားရတဲ့ပုံပင်..

💜 Secret Love 💜 (Completed)Where stories live. Discover now