Part-14

7.7K 665 10
                                    

ဂျောင်ကု အဆိုးလေးအား ၂၃ လွှာကတိုက်ခန်းထိ ကုန်းပိုးလာခဲ့ရသည်.. ဓာတ်လှေကားနဲ့တက်လို့သာနည်းနည်းသက်သာခြင်းဖြစ်သည်..အခန်းထဲရောက်တော့ ကုတင်ပေါ်ချပေးလိုက်ရင်း မျက်နှာလေးအား အုပ်ကိုင်ကာခေါ်နေမိသည်

"အချစ် ထစမ်း... ဘာလို့ မသောက်နိုင်ဘဲ မူးအောင်သောက်ရတာလည်းဟင် "

မျက်ဝန်းလှလှလေးတွေမှာ မပွင့်တပွင့်နဲ့

"အချစ်လို့... ခေါ်နေတယ်လေ "

"ဟင်... အင်း... ကုကီလား "

ပလုံးပထွေးနဲ့ထူးလာသော ချစ်ရသူလေးကြောင့် ဂျောင်ကုထွက်နေသောဒေါသတို့မှာ မီးခဲကိုရေနဲ့ငြိမ်းသလို ရှဲခနဲ..

"ဟုတ်တယ် အချစ်ရဲ့ကောင်လေး "

ဂျောင်ကုမျက်နှာအား လက်လေးတွေနဲ့စမ်းကာ

"အီး... ဟီးး ကုကီ ငါ့ကို ရက်စက်တဲ့ ကု..ကီ.. ယုန်စုတ်ကြီး ..."

ထယ်ယောင်းစကားကြောင့် ဂျောင်ကုအပြုံးတို့မှာ ဖောဖောသီသီထွက်လာရင်း

"ဘာလို့လဲ ဘာလို့ရက်စက်တာလည်း "

"ချစ်တယ်ဆို ... ချစ်တယ်လို့ပြောပြီး ကောင်မလေးနဲ့မိတ်ဆက်ပေးတာ..လူလိမ်"

ထယ်ယောင်းမျက်နှာရဲရဲလေးအား လက်နှစ်ဖက်နဲ့ကိုင်ကာ ကြည့်မိတော့ အချစ်ကငိုနေတာတဲ့လား ..

....အဟား လူကိုအသည်းယားအောင်....

"အချစ်က ဘာလို့သောက်ရတာလည်း အချစ်မူးနေရင် အရမ်းချစ်ဖို့ကောင်းတာကွာ မသိဘူးလား "

ဂျောင်ကုလက်တွေအားပုတ်ထုတ်ကာ ရုန်းနေရင်း

"အဲ့တာ မင်းကြောင့်လေ ယုန်စုတ်ရဲ့ ဟင့်..လူကိုပစ်ထားပြီးတော့ အခုမှလာပြီး ..."

မျက်ရည်လေးတွေအား  လက်ချောင်းတို့နဲ့ဖိသုတ်ပေးမိရင်း ရင်ခွင်ထဲထည့်ကာဘေးနားကဝင်လှဲလိုက်ရင်း

"မငိုပါနဲ့ကွာ အချစ်ငိုရင် ရင်ထဲကနေနာတယ် "

"ငိုအောင်... မလုပ်နဲ့ "

ရင်ခွင်ထဲကမော့ကြည့်နေသော ချစ်မဝလေးရယ်... ရဲနေသောပါးဖောင်းလေးတွေနဲ့ မျက်တောင်ထူထူရှည်ရှည်လေးတွေမှာ မျက်ရည်စက်တို့ခိုသီးနေသည်မှာ ပို၍လှပနေသလို.. အနီးကပ်မြင်နေရသော နှာတံစင်းစင်းလေးထိပ်က မှဲ့နက်လေးကြောင့် ရင်ခုန်သံတို့မှာ ပရမ်းပတာ..

💜 Secret Love 💜 (Completed)Where stories live. Discover now