Part -16

7.5K 643 31
                                    

စားသောက်ဆိုင်တစ်ခုရဲ့ချောင်ကျကျ စားပွဲဝိုင်းအတွင်း ထိုင်နေသော မိန်းကလေးနှစ်ယောက်..

"Cheer..."

ခွက်ချင်းတိုက်ကာ အောင်ပွဲခံလိုက်ရင်း

"ပထမတစ်ဆင့်တော့အောင်ပြီ ဒုတိယအဆင့် စလိုက်ကြမလား ဘိုရာ "

"အဟင်းဟင်း ယူနာက သိပ်တော်တာပဲ ဒါနဲ့ သတင်းဌာနကို ဓာတ်ပုံက ဘယ်သူပို့ပေးတာလည်း "

"တို့ လျှို့ဝှက် Email နဲ့ ပို့လိုက်တာ ဘိုရာ့ဖေဖေက Share မဝင်တော့အောင်ရော ဘိုရာ ဘယ်လိုလုပ်လိုက်သလည်း "

"အော် ဘယ်ဖခင်က သူ့သမီးအသည်းကွဲတာ ကြည့်ရက်လို့တုန်း သူ့သမီးကိုအသည်းကွဲအောင်လုပ်တဲ့သူကိုဆိုပြောမနေနဲ့တော့ "

"ဂျောင်ကု အခုဆို ဘိုရာ့လက်ချက်ဆိုတာသိနေလောက်ပြီ ဂျောင်ကုမုန်းမှာမကြောက်ဘူးလား "

"အဟင်း ဂျွန်ကအစကတည်းက  ချစ်မှမချစ်ခဲ့တာပဲလေ "

ထိုစကားသံအဆုံး အဖျားခတ်သွားတဲ့အသံလေးမှာ တုန်နေသည်..

"ဒါဆို သိပ်မကြာခင် ဒုတိယလက်နက် ထုတ်သုံးကြမယ်လေ Ok "

ယူနာ့စကားကြောင့် သူမပြုံးလိုက်ရင်း

"Ok "

.....................

ဂျောင်ကု အခုဆိုတစ်ပတ်ရှိပြီ အချစ်အားလုံးဝမတွေ့ရ လူချင်းမတွေ့ရပေမယ့်လည်း အသံလေးကြားလို့ကြားငြား ph ဆက်တော့လည်း စက်ပိတ်ထားသည်တဲ့

.... နေနိုင်လိုက်တာ အချစ်ရယ် .....

တူ...တူ....တူ...

ဝင်လာသော Ph ကြောင့် အချစ်ခေါ်သည်အထင်နဲ့ ဝမ်းသာအားရ ကိုင်လိုက်တော့

"ဂျွန် ... ဂျွန် လားဟင် "

"ဘိုရာ "

"ဂျွန်က မှတ်မိသေးသားပဲ .."

"ဘာပြောမလို့လဲ ဘိုရာ "

"အခု ဘိုရာအရမ်းမူးနေလို့ ဂျွန်လာခေါ်မလားဟင် "

ဂျောင်ကု စဉ်းစားနေမိသည်.. ယွန်းလုပ်ငန်းစု Share မဝင်တော့တာ ဘိုရာ့လက်ချက်မလား ... ဘာမှတော့မဖြစ်ပေမယ့် ဘိုရာ့ကြောင့် ဟုတ်မဟုတ်သိချင်သေးသည်..

💜 Secret Love 💜 (Completed)Where stories live. Discover now