Part-10

7.4K 685 16
                                    

"ကုကီ.. ကုကီ"

ဂျောင်ကု ဟျောင်းပေါက်စအသံအားကြားပေမယ့် အခုချိန်မှာ ဘာမှပြောချင်စိတ်မရှိတာကြောင့် ဆက်လျှောက်နေမိသည်..

"ကုကီ နေပါဦး ဟျောင်းကိုမုန်းနေပြီလား "

လက်ကိုလာဆွဲတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုခြေလှမ်းတွေရပ်တန့်ကာ ဆွဲထားသောလက်အားစိုက်ကြည့်လိုက်တော့ ထယ်ယောင်းကဖြုတ်ပေးလေသည်..

"ဟို ..."

"ဘာပြောမလို့လဲ ဟျောင်း .. ကျွန်တော်ကိုပြောစရာရှိလို့လား "

"ကုကီ ပြောင်းလဲသွားတယ် ဟျောင်းအပေါ်စိမ်းနေသလိုပဲ ပြီးတော့ ဘာတွေလျှောက်လုပ်နေတာလဲ "

"အဟက် ပြောင်းလဲအောင် ဘယ်သူလုပ်တာလည်း"

ထယ်ယောင်းမျက်နှာလေးမှာ ညိုးသွားတာ မြင်လိုက်တော့ ရင်ထဲဆစ်ခနဲ

" ကျွန်တော် လျှောက်လုပ်တော့ရော ဘာလည်း အဖွဲ့ထိခိုက်မှာစိုးလို့လား "

"ကုကီ မရွဲ့ပါနဲ့ ဟျောင်းကို "

"မရွဲ့ပါဘူး "

"ယူနာနဲ့ဘာလို့ပြဿနာတက်ကြတာလည်း"

"ဘာ "

"ဟျောင်း သိချင်တာဒီအကြောင်းလား "

"မဟုတ်ပါဘူး ဟျောင်းက ကုကီကိုစိုးရိမ်လို့ အိမ်ပြန်လာနေဖို့.."

"အဟက် တော်ပါတော့ဟျောင်းရယ် အရင်ကဟျောင်းပြောစကားတွေထဲမြောနေမယ့် ဂျောင်ကုမဟုတ်တော့ဘူး သွားပြီ "

...ဘာတွေမျှော်လင့်ပြီး စကားပြောနေရတာလည်းဂျောင်ကုရာ ...

ဂျောင်ကု ကားပေါ်ရောက်တော့ မျက်လုံးတို့အားမှိတ်ချလိုက်ကာ မနေ့ညကအကြောင်းအရာတွေကိုပြန်စဉ်းစားနေမိသည်..

.........

ဟျောင်းငြင်းလိုက်တဲ့နေ့ကတည်းက သူတို့အတူနေသောအိမ်သို့ ဂျောင်ကုမပြန်တော့ပေ ဝယ်ထားပေမယ့်လည်း မသုံးတဲ့တိုက်ခန်းမှာသာနေဖြစ်သည်..

အသည်းကွဲတဲ့ ဒဏ်ကိုကုစားဖို့ အထက်တန်းစားလို့ခေါ်တဲ့ မိန်းမလှလေးတွေနဲ့တွဲဖြစ်သည်.. ဒါပေမယ့် သူသိပ်တမ်းတနေတာ အဲ့ဒီဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ရဲပတောင်းခတ်အောင်ဆိုးထားတဲ့နှုတ်ခမ်းနီနဲ့မိန်းမတွေမဟုတ်...

💜 Secret Love 💜 (Completed)Where stories live. Discover now