Part-12

7.3K 669 7
                                    

မနက်အလင်းရောင်ကြောင့် ထယ်ယောင်းနိုးလာတော့ ဘေးနားကကုကီမှာမရှိတော့ပေ.. ဘယ်ချိန်ထဲကထပြန်သွားသလည်းလေ..

အောက်ထပ်ဆင်းလာတော့ မနက်စာစားတဲ့ဝိုင်းမှာလူစုံနေပြီဖြစ်သည်..

"ဆော့ဂျင်ဟျောင်း ဂျောင်ကုကီရော "

ထယ်ယောင်းအမေးကြောင့် အားလုံးတအံ့တသြ

"ဟင် ငယ်လေးပြန်လာလို့လား "

"အာ မဟုတ်ပါဘူး သူမရှိတာကိုမေ့နေတာ ဟီး "

ထယ်ယောင်းစကားလွှဲလိုက်ကာ ဟျောင်းတွေအားလိမ်လိုက်မိသည်.. ဒါဆို ကုကီအစောကြီးထပြန်သွားတာပဲ.. မနေ့ညကသူပြောလိုက်လို့များ စိတ်ဆိုးသွားတာလားမသိပေ..

"ထယ်ထယ် လာလေ ဘာလို့ရပ်နေတာလည်း မနက်စာလာစား ငါထည့်ထားပေးတယ် မင်းအတွက် "

ဂျီမင်းလှမ်းခေါ်တော့မှ သူတွေးနေရာက ရပ်ကာစားပွဲဝိုင်းမှာဝင်ထိုင်လိုက်သည်.. သူ့အကြိုက်ပေါင်မုန့်မီးကင်မှာ စတော်ဘယ်ရီယိုအများကြီးသုတ်ပေးထားကာ အသားတွေအများကြီးလှီးပေးထားသောပန်းကန်လေးနဲ့ ချောကလက်ပူပူတစ်ခွက်.. ထယ်ယောင်းပြုံးလိုက်ကာ ဂျီမင်းအားလက်မလေးထောင်ပြလျက်..

"ဂျီမင်း မင်းကအကောင်းဆုံးပဲ "

ဂျီမင်းက ပြုံးကာ ထယ်ယောင်းခေါင်းလေးအားပုတ်ပေးသည်..

"များများစားနော် ကိုယ့်ထယ် "

အစားအသောက်စားရင် ဆူထွက်လာသောနှုတ်ခမ်းလေးအား ဂျီမင်းအသည်းယားစွာကြည့်ကာ မြတ်နိုးမဝပေ.. အရမ်းချစ်တာပဲ ကိုယ့်ထယ်လေးရယ်...

........

"ဂျီမင်းကလည်း မသွားချင်ပါဘူးဆို "

"ဟာ လာပါထယ်ရာ အားလပ်ရက်ရတုန်းလေး ထယ့်ကိုအဲ့က ပန်းချီတွေလိုက်ပြချင်လို့ပါဆို တကယ်လှတယ် ထယ်သဘောကျမှာ "

"ပြီးရော ပြီးရော "

"အဟီး ပြုံးနေပါထယ်ရာ မျက်နှာကြီးဆူပုတ်မနေနဲ့ အဲ့လိုဆူပုတ်နေရင် မင်းကရုပ်ဆိုးတယ် "

"ရား ပတ်ဂျီမင်း "

ထုရိုက်လာသော လက်နုနုလေးတွေအား ဆွဲကိုင်ထားရင်း

💜 Secret Love 💜 (Completed)Where stories live. Discover now