Part-19

8K 603 11
                                    

ဂျောင်ကု အမှောင်ထုထဲပြေးလွှားနေမိသည်...အဝေးတစ်နေရာမှ ငိုသံသဲ့သဲ့...အသံပိုင်ရှင်အားပြေးလွှားကာလိုက်ရှာနေမိသည်... ဘယ်လောက်ပဲပြေးပြေး အသံသာကြားရပြီးမတွေ့ရ....

"ကုကီ"

...ဘယ်သူလည်း.....ဘယ်သူခေါ်နေတာလဲ....

"ကုကီ... ဒီမှာ မြန်မြန်လာ "

"မင်း ဘယ်သူလဲ "

"ယောင်း ကင်မ်ထယ်ယောင်း "

...ကင်မ်ထယ်ယောင်းဆိုတော့ ...

"အချစ် အချစ်လား..."

"....."

အလင်းရောင်ထဲတစ်ဖြည်းဖြည်းကွယ်ပျောက်သွားသောကိုယ်လေးကြောင့် ဂျောင်ကုလက်လေးအားလှမ်းဆွဲပေမယ့် မမိလိုက်တော့

....ဟင့်အင်း....

"အချစ်..အချစ် "

ဆုပ်ကိုင်ထားသောလက်လေးမှ လှုတ်ခတ်လာမှုကြောင့် ထယ်ယောင်းမျက်လုံးလေးတွေဝိုင်းစက်နေကာ တအံ့တသြ...

...သူ သူ သတိရလာပြီ....

"ဆရာ ... ဆရာ "

ထယ်ယောင်းအော်သံကြောင့် ဒေါက်တာတွေမှာအပြေးအလွှား...

.............

ဂျောင်ကုသတိပြန်ရလာပြီဆိုသောသတင်းမှာ တစ်နိုင်ငံလုံး အုံးအုံးကျွတ်ကျွတ် အားလုံးပျော်ရွှင်နေကြကာ PD တောင်မှ ဒီနေ့ Ent က ဝန်ထမ်းတွေအားလုံး ညစာကျွေးဖို့စီစဉ်နေလေ၏...

ဟျောင်းတွေမှာလည်း အငယ်ဆုံးလေးနားကတစ်ဖဝါးမှမခွာ...အရိပ်တကြည့်ကြည့်နဲ့ပင်...ထယ်ယောင်းမှာ ဂျောင်ကုသတိပြန်ရလာလျှင်ပေးဖို့ သူကိုယ်တိုင်ထိုးထားတဲ့ဆွယ်တာအနက်လေးအား ပြန်ယူနေလေသည်...

ထယ်ယောင်းအခန်းထဲဝင်ရမှာရင်ထဲတဒိတ်ဒိတ်နဲ့ အခုကုကီနဲ့ပြန်တွေ့ရတော့မယ် သတိမေ့နေတဲ့ကုကီနားငိုလိုက်ရယ်လိုက်နဲ့ခံစားချက်တို့ပေါက်ကွဲခဲ့ပေမယ့်
အခုသတိရနေတဲ့ ကုကီကိုတွေ့ရမှာအနည်းငယ်ရှက်နေမိသည်.. ပြီးတော့ ဟျောင်းတွေလည်းရှိနေတာမလား...

ပျော်သလိုလိုရင်ခုန်နေသလိုလိုခံစားချက်နဲ့ တံခါးဖွင့်ကာဝင်လိုက်တော့ ကုကီရယ်လေ ဟျောင်းတွေနဲ့ပြုံးရွှင်လို့စကားပြောနေတာ.. တံခါးဖွင့်သံကြောင့် ထယ်ယောင်းအားလှမ်းကြည့်ကြသည်..

💜 Secret Love 💜 (Completed)Where stories live. Discover now