Part-1

18K 1K 32
                                    

အလွန်တရာခမ်းနားလှသော အထပ် ၂၀ မြင့်အဆောက်အဦးကြီးရှေ့သို့ ကားကြီးတစ်စီးထိုးရပ်လာသည်... ထိုကားထဲမှ ဆင်းသက်လာမည့်သူများအား ကင်မရာမန်းတွေသတင်းထောက်တွေနဲ့ ဖန်တွေအများအပြားတိုးကြိတ်စောင့်ဆိုင်းနေကြသည်...

ကားထဲကပထမဆုံးဆင်းလာတဲ့သူမှာ ပါးချိုင့်နက်နက်တွေရှိပြီး ဘယ်သူ့ကိုမဆိုကြင်နာစွာပြုံးပြလေ့ရှိတဲ့ ကင်မ်နမ်ဂျွန်း...

နောက်တစ်ယောက်မှာ အလွန်ချောမောသောရုပ်ရည်နှင့် အဖွဲ့ဝင်တွေအပေါ်အကြီးဆုံးပီပီအလွန်ချစ်ခင်သော ကင်မ်ဆော့ဂျင်...

နောက်တစ်ယောက်ကတော့ အလွန်တရာဖြူစွတ်နေသောနှင်းပွင့်လေးကဲ့သို့အသားအရေရှိကာ အချေလေးဟုဖန်တွေကချစ်စနိုးနဲ့ခေါ်ကြသော မင်ယွန်းဂီ...

နောက်ထပ်ဆင်းလာတဲ့လူကတော့ မြင်လိုက်တာနဲ့ အလွန်သဘောကောင်းပြီးစိတ်ထားဖြူစင်တဲ့သူမှန်းတန်းသိနိုင်တဲ့ အပြုံးချိုချိုလေးတွေနဲ့ Sunshine ဟုချစ်စနိုးခေါ်ကြသော ဂျောင်ဟိုဆော့...

နောက်တစ်ယောက်ကတော့ ချစ်စဖွယ်ပုံလေးနဲ့နှစ်လိုဖွယ်ကောင်းသောအမူအရာရှိပြီး ဖြူဖြူသေးသေးလေး ဟုထင်ရသော်လည်း ခန္ဓာကိုယ်တောင့်တင်းကာဆန်မုန့်လုံးလေးနဲ့တူတာကြောင့် မိုချီဟုချစ်စနိုးခေါ်ကြသော ပတ်ဂျီမင်း...

နောက်တစ်ယောက်ကတော့ ရယ်လိုက်ရင် Boxy Smile လေးနဲ့ မြင်သူတကာမှင်သက်ငေးမောရပါသော Angel လေးလို့ပင်ထင်ရလောက်အောင်ချောမောချစ်စရာကောင်းပြီး ဖြူစင်တဲ့သူလေးမို့ ကျားပေါက်လေးလို့ချစ်စနိုးခေါ်ကြသော ကင်မ်ထယ်ယောင်း..

နောက်ဆုံးဆင်းလာတဲ့သူလေးကတော့ တစ်ဖွဲ့လုံးကအလိုလိုက်ခြင်းခံထားရပါသော ချောမောသောရုပ်ရည်နဲ့မေးရိုးထင်းထင်း ရယ်လိုက်ရင်ယုန်သွားလေးတွေနဲ့ကလေးတစ်ယောက်လိုအပြစ်ကင်းသော်လည်း Six pack တွေဗလတွေနဲ့မို့ယုန်ဗလဟုချစ်စနိုးခေါ်ကြသော အငယ်ဆုံးလေး ဂျွန်ဂျောင်ကု...

ဟုတ်ပါသည် BT7 ဟုခေါ်၏...

Worldwide Idol တွေဖြစ်ပြီး ဖန်တွေသည်းသည်းလှုပ်ချစ်ရတဲ့နာမည်ကျော်အဖွဲ့ပင်ဖြစ်သည်...အသက်အရွယ်ငယ်ငယ်လေးတွေနဲ့ကြိုးစားအားထုပ်မှုပေါင်းများစွာတို့ကြောင့် ဒီနှစ်တွေအတွင်း BT7 အဖွဲ့ရဲ့အောင်မြင်မှုတွေကကြောက်ခမန်းလိလိပင်..

💜 Secret Love 💜 (Completed)Where stories live. Discover now