Part-15

7.7K 622 26
                                    

မနက်စောစော ဂျောင်ကုမနိုးခင် အိမ်ပြန်ရန်အစောကြီးထလာတဲ့ထယ်ယောင်း..ခေါင်းတွေကိုက်နေပေမယ့် မနေ့ညက အကြောင်းတွေအကုန်မှတ်မိနေကာ တစ်ယောက်တည်း ရှက်နေမိသည်.. တကယ်ဆို ကိုယ့်ကိုယ်ကိုယ်သာစဉ်းစားပြီး အတ္တကြီးပစ်လိုက်ချင်၏..

ဘေးနားကဂျောင်ကုကို ကြည့်မိတော့ အိပ်ပျော်နေသည်မှာ ချစ်စဖွယ်.. ယုန်သွားလေးနှစ်ချောင်းမှာ ပွင့်ဟနေသောနှုတ်ခမ်းတို့ကြောင့် မဆိုသလောက်လေးထွက်ကာ အသည်းယားဖို့တောင်ကောင်းနေသည်..

...ဒါလား သူ့ကိုဇွတ်တရွတ်နမ်းတတ်တဲ့ စွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေး ...ထယ်ယောင်းလက်ချောင်းတို့နဲ့ ဖွဖွလေးထိကိုင်နေမိသည်.. နှာခေါင်းလုံးလုံးလေးရယ် မေးရိုးထင်းထင်းရယ် နှုတ်ခမ်းအောက်ကမှဲ့လေးရယ် သူ့ကုကီက လူချော...

"မောင် က အဲ့လောက်တောင်ချောတာလား "

ဖျတ်ခနဲပွင့်လာသောမျက်ဝန်းတို့နဲ့ တစ်ဆက်ထည်းထွက်လာသော စကားသံကြောင့် ထယ်ယောင်းလက်လေးအား ရုတ်လိုက်မိတော့ ဂျောင်ကုထိုလက်လေးအားဖမ်းဆုပ်ထားကာ

"ဟင် ဖြေလေ အချစ် "

မျက်နှာလေးရဲကာ အခုထိသူ့ကိုမကြည့်ရဲတဲ့ အကောင်ပေါက်လေးကြောင့် ဂျောင်ကုအသည်ယားစွာ ဆုပ်ကိုင်ထားသော လက်ဖမိုးလေးအားနမ်းမိတော့ အတင်းရုန်းထွက်ကာ

"မင်း မင်းနော် ဘာ မောင်လည်း ငါ.. "

"မချစ်ဘူးလို့ငြင်းမလို့လား အချစ် ချစ်နေရဲ့သားနဲ့ကွာ ဘာလို့ငြင်းနေရတာလည်း အချစ်ရဲ့  "

"ငါ မျက်နှာသစ်တော့မလို့ "

ပြောပြီး လုံးလုံးလုံးလုံးနဲ့ ရေချိုးခန်းထဲပြေးသွားသော အဆိုးလေးကြောင့် ဂျောင်ကု ရယ်မောလိုက်ရင်း

"အချစ်က ပတ်ဝန်းကျင်ကိုရင်မဆိုင်ရဲရင် မောင်လုပ်ပေးရမှာပေါ့ "

"အားး "

ရေချိုးခန်းထဲမှ ထယ်ယောင်းအော်သံကြောင့် ဂျောင်ကုမှာ အပြေးအလွှား

"အချစ် ဘာဖြစ်လို့လည်း "

အကျီအား လည်ပင်းထိဖြဲကြည့်ကာ ည ကသူပေးထားသော Love bite တွေအားလက်ညိုးထိုးပြရင်း

💜 Secret Love 💜 (Completed)Where stories live. Discover now