Part -6

8.1K 759 24
                                    

သီချင်းသွင်းနေတဲ့တစ်လျှောက်လုံး ဂျောင်ကုမှာ အိနြေ္ဒမရ ထယ်ယောင်းနားကပ်ကာ Skinship ရရန်ကြိုးပမ်းလိုက် ထယ်ယောင်းသူ့အားသတိပြုမိရန် Aigoo တွေလုပ်ပြလိုက်နှင့်ပင်..

ဒါပေမယ့် ဟျောင်းပေါက်စကတော့ သူ့အားတစ်ချက်မှပင်လှည့်မကြည့်ပေ...မန်နေဂျာဟျောင်းကပြေးလာကာ

"ဂျောင်ကုရေ သီချင်းသွင်းတာကိုအာရုံစိုက်ပေးပါကွာ မင်းကိုကြည့်ရတာ ဒီနေ့စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ "

"ဟုတ်ကဲ့ဟျောင်း ဆောရီးနော် ကျွန်တော်အာရုံစိုက်ပေးပါ့မယ် "

ထယ်ယောင်းစိတ်ဆိုးနေလို့ ဂျောင်ကုအာရုံမစိုက်နိုင်သည်ကိုသိနေကြသော ဟျောင်းတို့ကတော့ ဘာမှတော့မပြောကြပေ...

ထိုအချိန် PD ဝင်လာကာ

"ထယ်ယောင်း ဂျောင်ကု ခနလိုက်လာခဲ့ "

အကုန်လုံးကြောင်နေကြကာ အနောက်ကလိုက်သွားရန် နမ်ဂျွန်းဟျောင်းသတိပေးမှပင် နှစ်ယောက်လုံးလိုက်သွားမိသည်... PD အခန်းထဲရောက်တော့ စားပွဲပေါ်က သတင်းစာကိုကြည့်ခိုင်းသည်...

ဘုရားရေ ခေါင်းစီးမှာက BT7 အဖွဲ့မှ ထယ်ယောင်းနှင့် ဂျောင်ကုမှာ ချစ်သူတွေလားလို့ရေးထားကာ ထယ်ယောင်း Paris က တင်တဲ့ပုံနဲ့ ဂျောင်ကုတင်တဲ့ I Miss You Status ကို Photo အဖြစ်ထည့်ထားလေသည်...

"ဘယ်လိုလုပ်မလည်း ဒီပြဿနာကိုရှင်း "

ထယ်ယောင်းမှာလည်း အံ့သြနေကာ ဘာစကားမှထွက်မလာပေ.. ဂျောင်ကုက

"ဒါက ဘယ်လိုဖြစ်လို့ ဒီလိုကြီးရေးရတာလည်း "

"Haters တွေလေ မင်းတို့အဖွဲ့နာမည်ပျက်အောင်ထိုးချချင်တဲ့သူတွေ အခုမြင်ပြီလား ဘာလို့ဆင်ခြင်ခိုင်းလည်းဆိုတာကို "

"မြင်ပါပြီ ဒါပေမယ့်...."

ဂျောင်ကု တကယ်မှမဟုတ်တာဟုပြောမလို့ကို ပါးစပ်တို့ပြန်ပိတ်လိုက်မိသည်... သူကဟုတ်ချင်နေတဲ့သူမလား တစ်ချိန်ကျရင်တကယ်ဖြစ်လာနိုင်သည်...

PD က

"ဆက်ပြောလေ "

"ဒါကို ကျွန်တော်တို့က ဘယ်လိုဖြေရှင်းပေးရမှာလည်း "

💜 Secret Love 💜 (Completed)Where stories live. Discover now