Part-17

7.2K 556 14
                                    

"ဘိုရာ... ယွန်းဘိုရာ "

ဘိုရာ ယူနာနဲ့ Ph ပြောနေစဉ် အိမ်ထဲသို့ ဒေါသတကြီးခေါ်ပြီး ဝင်လာသော သူမရဲ့ ဂျွန်...

"ဟင် ဂျွန် ဘယ်ကနေ ဘယ်လိုလုပ်..."

ဂျောင်ကု ယူလာတဲ့ဓာတ်ပုံများအား သူမကိုတည့်တည့်ပစ်ပေါက်ပြီး

"မင်းအကြံဒါအကုန်ပဲလား ဟမ် "

သူမ ဓာတ်ပုံများအား ကြည့်မိတော့ လွန်ခဲ့တဲ့ နှစ်ပတ်က သူမမူးနေတဲ့နေ့ပင် ဒါပေမယ့် သူမကိုယ်ဝန်က..

"ဒါ ဒါဆို အဲ့နေ့က ဂျွန်နဲ့ မှားတာလားဟင် "

ဂျောင်ကုအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသော သူမအားကြည့်ကာ စိတ်ပျက်နေရသည့်အပြင် သူမပြောတဲ့စကားကြောင့် ခေါင်းပင်ကြီးသွားရသည်..

"အဓိပ္ပါယ်မရှိတာ အဲ့နေ့က မင်းph ဆက်လို့ ကိုယ်လာကြိုတာဟုတ်တယ် ဒါပေမယ့် ချက်ချင်းပဲ မင်းအစောင့်အရှောက်နဲ့ ကိုယ်ပြန်ထည့်ပေးလိုက်တာလေ"

ဘိုရာလန့်သွားကာ ဒါဆို ကလေးလေးအဖေက ဂျွန်မဟုတ်ဘူးပေါ့ ဒါဆိုဘယ်သူလည်း

"အဟင့် ဂျွန် အဲ့နေ့က ကျွန်မ ဘာတွေလုပ်သေးလည်းဟင်"

"မေခွန်းတွေများလိုက်တာ အဲ့နေ့က မင်းမူးနေပြီး ကားထဲမှာကိုယ့်ကိုယ်တောင် ပွတ်သီးပွတ်သပ်တွေလုပ်နေတာ တစ်ခါမှ အဲ့လိုလုပ်ရပ်မျိုး မလုပ်ဖူးပါဘူး မင်းက "

ဘိုရာသေချာစဉ်းစားနေမိသည်..သူမနဲ့ ယူနာအတူသောက်နေကြတာပင် မူးအောင်သောက်ပြီး ဂျွန့်ကို Ph ဆက်ခေါ်ဖို့က ယူနာ့အစီအစဉ် ပြီးရင် ဂျွန်နဲ့အတူတူပြန်တာကို အမိအရပုံရိုက်ပြီး သူမနဲ့ဂျွန်ဟာ နက်နက်နဲနဲပတ်သက်နေကြောင်း ကင်မ်ထယ်ယောင်းကို ပြမည်ပေါ့..ဒါပေမယ့် အခုက

"ဂျွန် သွားပြီ အဟင့် ဟင့် "

"ဘာဖြစ်တာလည်း ဘိုရာ "

"ကျွန်မမှာ ကိုယ်.. ကိုယ်ဝန်ရှိနေတာ အဲ့နေ့က ဂျွန်နဲ့ပြန်မလို့ ဂျွန့်ကားပေါ်တက်မိတာပဲ မှတ်မိတယ် ကလေးကို .. ကလေးအဖေကို ဂျွန်လို့ပဲထင်ထားတာ "

"ဟာ မဟုတ်တာ မင်းကို သေချာ မင်းကားပေါ်တင်ပေးလိုက်ပါတယ် "

💜 Secret Love 💜 (Completed)Where stories live. Discover now