♡︎(3)♡︎ [U+Z]

1.7K 109 2
                                    

ခိုင်မြဲစေလို(Unicode)

Chapter-3♡︎

"ခွန်မြဲ...ခွန်မြဲဟိန်..."

ခွန်မြဲလွတ်သွားတဲ့စာတွေကူးနေတုန်း အိမ်ရှေ့က ကိုယ့်နာမည်ခေါ်သံကြားလို့ ထွက်ကြည့်မိသည်။

နံရံပေါ်က နာရီကိုအကြည့်ရောက်သွားတော့ ညနေ၅နာရီခွဲ။
ပြောထားပြီးသားဖြစ်ပေမယ့် ကိုယ်ပဲ
မေ့နေတာမို့ ခံ့ တကယ်ရောက်နေတော့
ခွန်မြဲ အံ့သြရသည်။

မနက်ကလိုမဟုတ်ဘဲ တီရှပ် အနက်ရောင်အပေါ်မှာ ဂျာကင်လေးထပ်ထားတဲ့ ခိုင်ခံ့ က ရိုးရိုးလေးနဲ့ပင် ကြည့်ကောင်းနေသည်။
အရပ်ရှည်သူမို့ ဘောင်းဘီအရှည်နဲ့ တော်တော်လေးကို လိုက်ဖက်လွန်းသည်။

ငယ်ငယ်လေးနဲ့တောင် ဒီလောက်ချောနေဖို့မကောင်းဘူး ခံ့။

လှေကားတိုလေးကနေ အူကြောင်ကြောင်လေးဆင်းလာတဲ့ ခွန်မြဲက JJ ဘောင်းဘီလေးနဲ့ ၄တန်းကလေးလေးလို နုနယ်နေသည်။

"ဟားဟား...မင်းက ၇တန်းတဲ့လား။jj ဘောင်းဘီနဲ့။ကလေးပေါက်စ ကျနေတာပဲ"

ခံ့ က ငယ်ပေါင်းကြီးဖော်လို လှောင်ရယ်နေသည်မို့ ခွန်မြဲ မျက်လုံးတို့ကို တမင် မှေးစင်း၍ သာ ခံ့ ကို ကြည့်လိုက်သည်။

"ဟယ်...ခံ့လေးလာတာလား။အိမ်ပေါ်တက်လေ။သြော် ငါ့သားကလည်း အိမ်ပေါ်တောင်မခေါ်ဘူး"

အိမ်အတွင်းမှ ခွန်မြဲ မေမေ ထွက်လာ၍ ခိုင်ခံ့အားအိမ်ထဲဝင်ရန်ခေါ်သည်။

"မဝင်တော့ပါဘူးအန်တီ။ဟိုလေ ...သား ခွန်မြဲကို ဟိုနားဒီနား ခဏ ခေါ်သွားလို့ ရမလား။မမှောင်ခင် ပြန်လာပို့ပါမယ်ဗျ"

လူကြီးတွေနဲ့ဆက်ဆံရင် အချိုးက လုံးဝကို ပြောင်းပြန်ဖြစ်သွားတဲ့ ခံ့ တစ်ယောက်ကြောင့် ခွန်မြဲ မဲ့ရွဲ့ပြလိုက်သည်။

"သြော်...အေးလေ...သားငယ်လေးလည်း ပျင်းနေမှာပေါ့။ခေါ်သွားခေါ်သွား။သတိထားသွားကြနော်သား"

မေမေ့ဆီမှ ခွင့်ပြုချက်ရတော့ ခံ့က
သူ့စက်ဘီးအညိုလေးရဲ့နောက်ခုံကို မျက်စပစ်ပြသည်။

ခိုင်မြဲစေလို...Where stories live. Discover now